Vitamin C ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

08 Jun

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ Vitamin C ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Vitamin C က နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းတွေကို ကျဆင်းစေပါတယ်။ Vitamin C ဟာ antioxidant ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ နာတာရှည်ဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်တဲ့ free radicals တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးလို့ ဖြစ်ပါတယ်။ သွေးပေါင်ချိန်မြင့်မားခြင်းကိုလည်း ထိန်းညှိပေးပါတယ်။ Vitamin C ဟာ သွေးပေါင်ကို ကျဆင်းစေတဲ့ နေရာမှာ ကူညီပေးလို့ဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။ လေ့လာချက်တွေအရ တစ်ရက်ကို Vitamin C 500 mg ပုံမှန်သောက်သုံးတဲ့သူတွေဟာ ပုံမှန်လူတွေထက် ‌နှလုံးရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း လျော့နည်းသွားတာဖြစ်လို့ Vitamin C ကို ပုံမှန်သောက်သုံး ပေးသင့်ပါတယ်။ သွေးတွင်းUric acid ပါဝင်မှုကို လျော့နည်းစေပြီး ကိုက်ခဲနာကျင်တတ်တဲ့ Gout ရောဂါမှလည်း ကာကွယ်ပေးပါတယ်။ သံဓာတ်အားနည်းခြင်း Iron deficiency ကိုလည်း ကာကွယ်ပေးပါတယ်။ Vitamin C ဟာ အူတွင်းမှ သံဓာတ်စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေလို့ အမျိုးသမီးတွေ အများစုဖြစ်တတ်တဲ့ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါကို အထိုက်အလျောက် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်နဲ့ တွေးခေါ်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ ပထမဆုံး ပြောခဲ့သလိုပါပဲ၊ Vitamin C ဟာ strong antioxidant ဖြစ်လို့ ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မေ့တတ်ခြင်းကို လျော့ချပေးပါတယ်။ (NVS 003)

08 Jun

ADVERTISE HERE .