ရေဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေ

07 Jun

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ရေဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်အတွက် အများကြီး အရေးပါ ပါတယ်။ သက်ရောက်မှုလည်း အများကြီးရှိပါတယ်။ ရေဓာတ်ချို့တဲ့သောအခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် တစ်ချို့လည်း အဆင်မပြေနိုင်သလို ကျောက်ကပ်အတွက်လည်း လုံးဝမကောင်းပါဘူး။ တခြားနောက်ဆက်တွဲ ရောဂါတွေလည်း အများကြီးဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို အူမကြီးလှုပ်ရှားမှုက တစ်ကြိမ်ကနေ နှစ်ကြိမ်ခန့်ရှိသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ခန္ဓာကိုယ်ထဲက ရေနဲ့အစာတွေ မလှုပ်ရှားဘူးလို့ ပြသနေတာပါပဲ။ ရေက အစာခြေစနစ်အဆင်ပြေစေဖို့အတွက် အရေးကြီးပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းက ပတ်သက်နေပါတယ်။ သင့်ရဲ့ဆီးအရောင်က အရောင်ဖျော့နေတယ်ဆိုရင် သင့်ကျောက်ကပ်က အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ သင့်အနေနဲ့ ရေများများ သောက်သင့်နေပါပြီ။ ဒါ့အပြင် အရေပြားက ဝက်ခြံတွေ၊ အရေပြားခြောက်သွေ့မှုတွေနဲ့ နှင်းခူတွေ ဖြစ်ပေါ်နေပြီဆိုရင် သင် ရေများများသောက်သင့်နေပြီလို့ ပြသနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ကျောက်ကပ်က လင့်(သွေးဖြူဆဲလ်တွေပါတဲ့ အရည်ကြည်)အတွက် အရည်ကြည်တွေ စစ်မထုတ်ပေးတော့ဘူးဆိုရင် အရေပြားက အရောင်ဖျော့လာတာမျိုး၊ ခြောက်သွေ့လာတာမျိုး၊ နှင်းခူဖြစ်လာတာမျိုး၊ ဝက်ခြံထွက်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့် အရေပြားက သင့်ကျောက်ကပ်ရဲ့ပြယုဂ်ပါပဲ။ အထက်ပါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေတာဖြစ်ပြီး ရေကို ခန္ဓာကိုယ်အတွက် လုံလောက်စွာသောက်သုံးပေးသင့်ပါတယ်။(NVS 003)

07 Jun

ADVERTISE HERE .