သင်္ဘောစေ့စားပေးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

25 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ သင်္ဘောစေ့စားပေးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သင်္ဘောစေ့ဟာ ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ သင်္ဘောသီးဟာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ ဗီတာမင်တွေ များစွာပါဝင်တဲ့အတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။ သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ် ပေးနိုင်ပြီး ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ သင်္ဘောစေ့ဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာ၊ အူမကြီး ကင်ဆာ၊ သွေးကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။ သင်္ဘောစေ့မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ အရိုးအဆစ်တွေ နာကျင်တာခြင်းများကို သက်သာစေပါတယ်။ သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး သွေးလွန် တုပ်ကွေးနဲ့ အူရောင်ငန်းဖျား စတဲ့ရောဂါတွေကို အလွယ်တကူ ဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေး ပါတယ်။ သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ သင်္ဘောစေ့ကို တစ်နေ့တစ်ဇွန်းခန့် စားပေးသင့်ပါတယ်။ သစ်သီးဖျော်ရည် သို့မဟုတ် အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆ စေ့လောက်ကို ရောပြီး စားပေးတာဟာ အသည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကို ကျန်းမာစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သင်္ဘောစေ့ကိုစားသုံးခြင်းမှ ရှောင်ရှားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရခက်စေပါတယ်။ အရွယ်ရောက်လာချိန်မှာ နို့ဖြတ်မရပဲ ဖြစ်စေတတ်ပါတယ်။(NVS 003)

25 May

ADVERTISE HERE .