နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာများ

24 May

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ တိုဟူးက နှလုံးကျန်းမာရေး အတွက်ကောင်းပါတယ်။ တိုဟူးထဲမှာ Phytoestrogens တွေ များစွာပါဝင်တဲ့ အတွက် နှလုံး သွေးကြေညကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေ စားပေးဖို့လိုပါတယ်။ Antioxidant ပါရှိတဲ့ ဗီတာမင်စီက oxidation လို့ခေါ်တဲ့ ဓာတ်တိုးခြင်းကို ကာကွယ်ပေးလို့ သွေးကြောအတွင်း အဆီခဲစုတာတွေကို တားဆီးပေးပါတယ်။ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ခရမ်ဘယ်ရီ စတာတွေကို စားပေးပါ။ Phytonutrients၊ အမျှင်ဓာတ် နဲ့ အိုမီဂါသရီး ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီးတော့ ငါးများများ စားပေးပါ။ အိုမီဂါ သရီး ကြွယ်ဝတဲ့ ပင်လယ်ငါးလိုမျိုးတွေ စားပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တူနာငါး၊ ငါးသေတ္တာ၊ ငါးတန်၊ ဆော်လမွန် စတာတွေကို စားပေးပါ။ သွေးတွင်း ကိုလက်စထရော ကို ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အသီးအနှံတွေ များများစားပေးပါ။ ပာင်းသီးပာင်းရွက်တွေကို အရောင် စုံအောင်စားပေးပါ။ ဟင်းနုနွယ်၊ အနီရောင် (ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ) ၊ ခရမ်းရောင် (ခရမ်းသီး၊ စပျစ်သီး)၊ အဖြူရောင် (ပန်းဂေါ်ဖီ၊ မုန့်ညှင်းထုပ်) ၊ လိမ္မော် သို့မဟုတ် အဝါရောင် (မုန်လာဥနီ၊ လိမ္မော်သီး၊ ရွှေဖရုံသီး) ၊ အစိမ်းရောင် အသီးအရွက်တွေ စတာတွေထဲမှ တစ်နေ့ကို နှစ်ရောင် ကနေ သုံးရောင် အနည်းဆုံးပါဝင်အောင် စားပေးသင့်ပါတယ်။ ဗီတာမင် အေ၊ ဖောလိတ် နဲ့ အမျှင်ဓာတ်များစွာပါဝင်တဲ့ ကညွတ်ကလည်း ကျန်းမာရေး အတွက် အများကြီး အထောက်အကူပေးတဲ့ ဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ်များတဲ့ ကွေကာအုပ်လိုမျိုးကလည်း မနက်စာ အနေနဲ့ စားပေးပါ။ (NVS 003)

24 May

ADVERTISE HERE .