ရေဓာတ်ချို့တဲ့ နေတဲ့လက္ခဏာတွေ

22 May

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ရေဓာတ်ချို့တဲ့ နေတဲ့လက္ခဏာေတွ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်အတွက် အများကြီးအရေးပါပါတယ်။ သက်ရောက်မှုလည်း အများကြီးရှိပါတယ်။ ရေဓာတ်ချို့တဲ့သောအခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် တစ်ချို့ လည်း အဆင်မပြေနိုင်သလို ကျောက်ကပ်အတွက်လည်း လုံးဝမကောင်းပါဘူး။ တခြား နောက်ဆက်တွဲ ရောဂါတွေ လည်း အများကြီးဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို အူမကြီးလုပ်ရှားမှု တစ်ကြိမ် ကနေ နှစ်ကြိမ်ခန့်ရှိသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ခန္ဓာကိုယ်ထဲက ရေနဲ့ အစာတွေ မလုပ်ရှားဘူးလို့ ပြသနေတာပါပဲ။ ရေက အစာခြေစနစ်အဆင်ပြေစေဖို့အတွက် အရေးကြီးပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ပတ်သက်နေပါတယ်။ သင့်ရဲ့ဆီးအရောင်က အရောင်ဖျော့နေတယ်ဆိုရင် သင့်ကျောက်ကပ်က အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ သင် ရေများများ သောက် သင့်နေပါပြီ။ ဒါ့အပြင် အရေပြားက ဝက်ခြံတွေ၊ အရေပြားခြောက်သွေ့မှုတွေနဲ့ နှင်းခူတွေ ဖြစ်ပေါ်နေပြီဆိုရင် သင် ရေများများသောက်သင့်နေပြီလို့ ပြသနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ကျောက်ကပ်က လင့်(သွေးဖြူဆဲလ်တွေပါတဲ့ အရည်ကြည်)အတွက် အရည်ကြည်တွေ စစ်မထုတ်ပေးတော့ဘူးဆိုရင် အရေပြားက အရောင်ဖျော့လာတာမျိုး၊ ခြောက်သွေ့လာတာမျိုး၊ နှင်းခူဖြစ်လာတာမျိုး၊ ဝက်ခြံထွက်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့် အရေပြားက သင့်ကျောက်ကပ်ရဲ့ပြယုဂ်ပါပဲ။ အထက်ပါ လက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေတာ ဖြစ်ပါတယ်။ အမျိုးသားတွေအတွက် တစ်နေ့ကို ၃ ဒသမ ၇ လီတာ လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ ၂ ဒသမ ၇ လီတာ သောက်သုံးဖို့ လိုအပ်ပါတယ်။(NVS 003)

22 May

ADVERTISE HERE .