အစားရှောင်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ

19 May

ဒီနေ့ ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အစားရှောင်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်စားရမယ့် အချိန်မှာ မအားလို့ပဲဖြစ်ဖြစ်၊ ဝမှာစိုးလို့ပဲဖြစ်ဖြစ် အစားရှောင်မိတဲ့အခါ ခန္ဓာကိုယ် ထဲမှာ အပြောင်းအလဲတွေ ချက်ချင်းဖြစ်ပေါ်လာပါတယ်။ နေ့စဉ်အစားအသောက်တွေကနေ ဦးနှောက်အတွက် အဓိကပံ့ပိုးနေတဲ့ ဂလူးကို့စ်ပမာဏဟာ အစားရှောင် လိုက်တဲ့အခါ ချက်ချင်းပြုတ်ကျသွားတာမို့ သွေးတွင်းသကြားဓာတ်ကိုပါ ကျဆင်းသွားစေပြီး ဦးနှောက်က ထိန်းချုပ်ထားတဲ့ အရာအားလုံးက စွမ်းဆောင်မှုတွေ ကျဆင်းစေသလို မူးဝေနေပြီး အားနည်းနေတာကို ခံစားရ စေပါတယ်။ အာရုံစူးစိုက်လို့ မရတော့တဲ့အပြင် ချွေးထွက်တာ၊ လက်တုန်လာတာတွေဖြစ်ပြီး ဦးနှောက်က အစာစားဖို့ အချက်ပေးနေပါလိမ့်မယ်။ အမြဲအလိုလို မစားတာဆိုရင်တော့ ခန္ဓာကိုယ်က ဟော်မုန်းတွေထုတ်ပြီး အစားပိုစားချင်စိတ်ဖြစ်အောင် လုပ်‌ဆောင်ပေးပါလိမ့်မယ်။ အစာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်က ပုံမှန်ထက် နှေးကွေးသွားပါတယ်။ ဒီလိုနှေးသွားတဲ့ အတွက် အစာချေဖျက်ချိန်က ပိုမိုကြာမြင့်သွားပြီး အဆီပိုစုဖို့ တွန်းအားပေးပါတယ်။ အစာရှောင်ပြီးနောက် အစာစားတဲ့အခါမှာလဲ ပုံမှန်ထက်ပိုစားအောင် တွန်းအားပေးတာမို့ အစားရှောင်နေပေမယ့် ပိုဝလာစေပါတယ်။ အစာရှောင်ခြင်းက အစာအိမ်အတွင်းက အက်ဆစ်တွေက အစာအိမ်မှာရှိတဲ့ အတွင်းသားနဲ့ အူလမ်းကြောင်းကို ဆိုးကျိုးဖြစ်စေပြီး အဲ့ဒီအခါ ဗိုက်အောင့်မယ်၊ ပျို့တက်လာနိုင်ပါမယ်။ ရေရှည်ဆိုရင်တော့ အစာအိမ်ကို ဒုက္ခဖြစ်စေ ပါလိမ့်မယ်။ အစာမစားတဲ့အခါမှာတော့ စိတ်ကစဉ့်ကလျားဖြစ်လာစေပြီး အလိုလိုနေရင်း ဒေါသထွက်နေတာတွေ လွယ်လွယ်နဲ့ စိတ်ရှုပ်နေတာတွေအပြင် ဆုံးဖြတ်ချက်ချတဲ့အခါ မှန်ကန်စွာမတွေးနိုင်တော့ပါဘူး။ ဒါ့အပြင် ရေရှည်မှာတော့ မေ့တတ်တာ၊ ဂနာမငြိမ်တာတွေဖြစ်လာပြီး စိတ်ဖိစီးမှုကိုပါ ဖြစ်စေနိုင်ပါတယ်။ အစားရှောင် တာဟာ ခန္ဓာကိုယ်အတွင်း ဆိုးဝါးစွာပြောင်းလဲသွားမှုတွေ ဖြစ်စေပါတယ်။ ပိန်ချင်တဲ့သူတွေအနေနဲ့လည်း အစာကို အချိန်မှန်စားပြီး လေ့ကျင့်ခန်းလုပ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။(NVS 003)

19 May

ADVERTISE HERE .