ပေါက်ပန်းဖြူရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

18 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ပေါက်ပန်းဖြူရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ပေါက်ပန်းဖြူရွက်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေများကြီးရှိပါတယ်။ သွေးဖိအားကိုကျစေခြင်း၊ သွေးကြောတွေ ပြေလျော့စေခြင်း၊ ခုခံအားကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အရွက်ကို ပြုတ်၍ တို့တာဖြစ်ဖြစ်၊ ဟင်းချိုချက်သောက်တာမျိုးဖြစ်ဖြစ် စားသုံးတတ်ကြပါတယ်။ ပေါက်ပန်းဖြူမှာ ဗီတာမင်စီပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို ကျစေပါတယ်။ ဗီတာမင်စီကြောင့် သွေးကြောတွေပြေလျော့စေပြီး LDL cholesterol တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီပမာဏ ချို့တဲ့သူတွေမှာ နှလုံးရောဂါဖြစ်ပွားခြင်း၊ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားခြင်း၊ လေဖြတ်ခြင်းတွေဖြစ်ပေါ်စေပါတယ်။ ပေါက်ပန်းဖြူမှာ vitamin B1 ပါဝင်တာကြောင့် အင်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေ နိုင်ပါတယ်။ ပေါက်ပန်းဖြူရွက်မှာ ဖောလိတ်ဓာတ်ပါဝင်မှုကြောင့် သန္ဓေသားပုံမှန်ဖွံ့ဖြိုးစေဖို့ အထောက်အကူ ပြုတာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးရှိစေပါတယ်။ ဒါ့အပြင် Selenium ဓာတ်ပါဝင်တာကြောင့် ခုခံအားကောင်းစေပြီး ခန္ဓာကိုယ်ခုခံအားကောင်းဖို့ ကူညီပေးပါတယ်။ အရေပြားဖျော့တော့ခြင်း၊ သွေးအားနည်းခြင်း စတဲ့ သံဓာတ်အားနည်းခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်ပါဝင်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ သံဓာတ်ရရှိစေပြီး သွေးအားကောင်းစေတာကြောင့် အရေပြားဖြူဖျော့ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်ခေါင်းကိုက်ခြင်းနဲ့ Migraine ခေါင်းကိုက်ရောဂါကိုလည်း သက်သာစေပါတယ်။ Riboflavin ဓာတ် လုံလောက်စွာရရှိတဲ့ လူတစ်ယောက်ဟာ ခေါင်းကိုက်ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ အဲဒါကြောင့် vitamin B2 ကြွယ်ဝတဲ့ အစားအစာတွေက ခေါင်းကိုက်ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် အားအင်ကုန်ခမ်းခြင်းကို ကာကွယ်နိုင်ပါတယ်။ ကြွက်သားအားအင်ကုန်ခမ်းခြင်း၊ မောပန်းခြင်း၊ ကဲ့သို့ ကျန်းမာရေးပြဿနာများကို ပေါက်ပန်းဖြူမှာပါဝင်တဲ့ Phosphorus ဓာတ်ကြောင့် ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်စေပါတယ်။(NVS 003)

18 May

ADVERTISE HERE .