ဆီးမထိန်းနိုင်ခြင်းအတွက် ရှောင်သင့်တဲ့ အစားအစာတွေ

15 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ဆီးမထိန်းနိုင်ခြင်းအတွက် ရှောင်သင့်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ အချိုစာတွေက ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်တာကြောင့် ကျန်းမာရေးကောင်းဖို့အတွက် အချိုစာ တွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အချိုစာတွေက ဆီးအိမ်ကို လှုံ့ဆော်မှုပေးနိုင်တာကြောင့် ဆီးထိန်းရ ပိုမို ခက်ခဲသွားနိုင်ပါတယ်။ အရက် (Alcohol)ဟာ ဦးနှောက်ကနေ ဆီးအိမ်သို့ အချက်ပြတဲ့စနစ်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အဲဒါကြောင့် အရက်သောက်ထားသူတွေက ပိုပြီးတော့ ဆီးမထိန်းနိုင် ဖြစ်တတ်ကြပါတယ်။ ကဖင်းက ဆီးရွှင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ကော်ဖီများများ သောက်တတ်တဲ့သူတွေက ဆီးမထိန်း နိုင်တာနဲ့ ဆက်စပ်မှုရှိပါတယ်။ နောက်ပြီးတော့ အစပ်စာတွေကိုလည်း ရှောင်သင့်ပါတယ်။ အပူလွန်ကဲတဲ့ အစားအစာတွေက ဆီးအိမ်နံရံကို လှုံ့ဆော်မှုပေးနိုင်တာကြောင့် ဆီးထွက်ကျနိုင်ပါတယ်။ ဒါကြောင့် ဆီးမထိန်းသူတွေအနေနဲ့ ငရုတ်သီးနဲ့ Wasabi လိုမျိုး အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။ (NVS 003)

15 May

ADVERTISE HERE .