အအေးမိခြင်း အမြန်သက်သာစေမယ့် နည်းလမ်းတွေ

14 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အအေးမိခြင်းမှ အမြန်သက်သာစေမယ့် နည်းလမ်းတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပျားရည်မှာ Bacteria နဲ့ Microscopic animals တွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် အအေးမိခြင်းကို သက်သာစေပါတယ်။ ပျားရည်နဲ့သံပုရာသီးကိုရောပြီး ရေနွေးလေးနဲ့ဖျော်သောက်ရင် လည်ချောင်းနာတာကို သက်သာစေပါတယ်။ ပျားရည်ဟာ ချောင်းဆိုးခြင်းကိုလည်း သက်သာစေပါတယ်။ သတိထားရမှာကတော့ တစ်နှစ်အောက် ကလေးတွေမှာတော့ ပျားရည်ကို မသုံးသင့်ပါဘူး။ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့ ကြက်စွပ်ပြုတ်တစ်ခွက်ဟာ Neutropil လို့ခေါ်တဲ့ သွေးဖြူဥတွေလှုပ်ရှားမှုကို နှေးကွေးစေပါတယ်။ Neutrophil ဟာ ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ ခုခံရေး တပ်သားတစ်ဦး ဖြစ်တာကြောင့် လိုအပ်တဲ့နေရာတွေမှာ ကိုယ်ခန္ဓာအတွက် ခုခံအားတွေကိုထုတ်ပေးနိုင်ပြီး ရောဂါကို လျင်လျင်မြန်မြန် တိုက်ထုတ်နိုင်တဲ့အတွက် အအေးမိခြင်းကို အမြန်ပြန်သက်သာစေတာပဲဖြစ်ပါတယ်။ အများသိတဲ့ ကြက်သွန်ဖြူမှာလည်း Microbactria တွေကို သတ်နိုင်တဲ့အစွမ်းရှိပါတယ်၊ ကြက်သွန်ဖြူ စားလိုက်တာနဲ့ အအေးမိတဲ့လက္ခဏာတွေ အမြန်သက်သာသွားစေပါတယ်။ Vitamin C ကတော့ အဓိကဇာတ်ကောင်ပဲဖြစ်ပါတယ်၊ ခန္ဓာကိုယ်အတွက် အလွန်အရေးပါပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အအေးမိခြင်းကို အမြန်ပျောက်ကင်းသက်သာစေပါတယ်။ Vitamin C 500 mg ကို နေ့စဉ် တစ်ရက်တစ်လုံး သောက်ပေးခြင်းအားဖြင့် Scurvy ရောဂါကို သက်သာစေခြင်း၊ အအေးမိခြင်းကို အမြန်သက်သာစေခြင်း၊ သတ္တုဆိပ်သင့်ခြင်းကို သက်သာစေခြင်း၊ ကင်ဆာရောဂါများ ဖြစ်ပွားမှုနှုန်း လျော့နည်း စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဂျင်းတက်ဟာ ဆိုရင် ရှေးခေတ်တိုင်းရင်းဆေးဝါးတွေမှာ မပါမဖြစ် အဓိကကျပါတယ်။ ရေနွေးနွေးထဲ ဂျင်းတက်လေး ပါးပါးလှီးထည့်ပြီး သောက်မယ်ဆိုရင် ချောင်းဆိုး၊ လည်ချောင်းနာကို အမြန်ပြန်သက်သာ စေပါတယ်။ တချို့တွေမှာ ဓာတ်မတည့်ရင်တော့ အော့အန်ခြင်းကို တစ်ခါတစ်ရံ ဖြစ်စေတတ်လို့ သတိထားပြုပြီး သုံးစွဲသင့်ပါတယ်။ (NVS 003)

14 May

ADVERTISE HERE .