မုန်လာဥဖြူနဲ့ အတူတွဲ မစားသင့်တဲ့ အစားအစာတွေ

12 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ မုန်လာဥဖြူနဲ့ အတူတွဲမစားသင့်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မုန်လာဥဖြူမှာ ဗီတာမင် A၊ B၊ C၊ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ သံဓာတ်ကဲ့သို့သော သတ္တုဓာတ်တွေများစွာနဲ့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် မုန်လာဥဖြူနဲ့ အတူတွဲမစားသင့်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ မုန်လာဥဖြူကို စားပြီးပြီးချင်း နွားနို့သောက်ခြင်းက ရင်ပူခြင်း၊ အက်ဆစ်ပြန်တက်ခြင်းနဲ့ ဗိုက်နာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီအစားအစာနှစ်မျိုးကို တွဲဖက်စားသုံးခြင်းကို နာရီအနည်းငယ်ခြားပြီးမှ စားတာက အကောင်းဆုံးဖြစ်ပါတယ်။ သခွားသီးမှာ ဗီတာမင် C စုပ်ယူနိုင်တဲ့ အက်စကိုဗိတ်(ascorbate) ပါဝင်တာကြောင့် သခွားသီးနဲ့ မုန်လာဥဖြူကို တွဲမစားသင့်ပါဘူး။ မုန်လာဥဖြူနဲ့ လိမ္မော်သီးကို အတူစားသုံးခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ အဲဒီနှစ်ခုရဲ့ပေါင်းစပ်မှုက သင့်အတွက် အဆိပ်လိုမျိုးဖြစ်စေနိုင်ပြီး အစာအိမ်ပြဿနာတွေကို ခံစားရစေရုံသာ မက တခြားကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ မုန်လာဥဖြူနဲ့ ကြက်ဟင်းခါးသီးကို ဘယ်လိုနည်းနဲ့မဆို တွဲမစားဖို့ အထူးသတိပြုပေးပါ။ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ တွဲဖက်စားသုံးမိခဲ့ရင် အသက်ရှုလမ်းကြောင်းကို ထိခိုက် စေရုံသာမက နှလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မုန်လာဥဖြူနဲ့ လက်ဖက်ရည်တို့ကို စားသုံးခြင်းဟာ ဝမ်းချုပ်ခြင်းနဲ့ acidity ဖြစ်စေနိုင်တာကြောင့် အန္တရာယ်များပါတယ်။ မုန်လာဥဖြူက အေးပြီး လက်ဖက်ရည်က နွေးပါတယ်။ အဲ့ဒါကြောင့် ထိုနှစ်ခုဟာ တစ်ခုနဲ့တစ်ခု လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လက်ဖက်ရည်နဲ့ မုန်လာဥဖြူတို့ ပေါင်းစပ်မှုဟာ သဟဇာတ မဖြစ်ဘူးလို့ ဆိုကြပါတယ်။ နောက်ပြီးတော့ မုန်လာဥဖြူကို အလွန်အကျွံ စားသုံးခြင်းကလည်း ရေဓာတ်ခန်းခြောက်ခြင်း ကဲ့သို့သော ကျန်းမာရေးပြဿနာအချို့ကို ဖြစ်စေနိုင်ပါတယ်။(NVS 003)

12 May

ADVERTISE HERE .