ပန်းသစ်တော်သီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

11 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ပန်းသစ်တော်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ပန်းသစ်တော်မှာ အမျှင်ဓာတ် ကြွယ်ဝခြင်း၊ နှလုံးရောဂါအတွက် ကောင်းခြင်းအပြင် အရသာကော အာဟာရဓာတ်ပါ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အခြားသော antioxidants တွေလည်းပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူး အများကြီးရှိပါတယ်။ သစ်တော်သီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ သစ်တော်သီးတစ်လုံးမှာ ဗီတာမင်စီ 8 mg ခန့် ပါဝင်ပါတယ်။ Antioxidants တွေပါဝင်မှုကြောင့်လည်း ဆဲလ်တွေပြုပြင်ခြင်း၊ ဆဲလ်အသစ်ဖြစ်ပေါ် စေခြင်းတွေကို ကူညီနိုင်ပါတယ်။ ဗီတာမင်စီက သင့်ရဲ့ခုခံစွမ်းအားစနစ်ကိုလည်း တိုးစေပါတယ်။ အရေပြားနဲ့ သွားတွေ၊ အရိုးတွေ အတွက်လည်း ကောင်းမွန်စေပါတယ်။ Polyphenols နဲ့ flavonoids ဓာတ်တွေကြောင့် အရေပြားအတွက် ကောင်းမွန်စေပါတယ်။ သစ်တော်သီးအနေတော်တစ်လုံးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အူကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်က တစ်နေ့ကို ၂၅ ဂရမ် ကနေ ၃၈ ဂရမ် အထိ စားပေး သင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်စေပါတယ်။ အစာခြေလွယ် စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ကူညီပေးပါတယ်။ ခန္ဓာကိုယ်က မကောင်းတဲ့ ကိုလက်စထရော တွေကိုလည်း ဖယ်ရှားပေးပါတယ်။ သစ်တော်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ဆိုဒီယမ် တွေကို သစ်တော်သီးက ထိန်းညှိပေးဖို့ ကူညီနိုင်ပါတယ်။ သစ်တော်သီးတစ်လုံးမှာ 206 mg ပါဝင်ပါတယ်။ ပိုတက်ဆီယမ် ပါဝင်တဲ့အစားအစာကို စားသုံးခြင်းက ဆိုဒီယမ်ကို တိုက်ဖျက်နိုင်ပြီး သင့်သွေးဖိအား မြင့်တက် ခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် soluble fiber ဓာတ်လည်း ပါဝင်ပါတယ်။ သွေးထဲကသကြားဓာတ်ကို ထိန်းညှိ ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကလည်း သွေးထဲကသကြားဓာတ်ပမာဏကို ထိန်းပေးအောင်ကူညီပေးပါတယ်။ Low-glycemic fruit လည်းဖြစ်တဲ့အတွက် ဆီးချိုသမားတွေအတွက် အဆင်ပြေစေပါတယ်။ သစ်တော်သီးကို လေ့ကျင့်ခန်းလုပ်ပြီး ဒါမှမဟုတ် မလုပ်မီစားပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝ မှုကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ်မှာတောင် စွမ်းအင်ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာခြေလွယ်ပြီး carbs တွေ ကနေ သင့်ရဲ့ခန္ဓာကိုယ်ကို စွမ်းအင်အဖြစ်ပြောင်းပေးနိုင်တာမို့ လေ့ကျင့်ခန်းလုပ်ဖို့ ပိုပြီးအဆင်ပြေစေပါတယ်။ နောက်ပြီးတော့ magnesium နဲ့ copper ဓာတ်တွေ ပါဝင်တာကြောင့် အာရုံကြောစနစ်တွေကို ကူညီနိုင်ပြီး ဦးနှောက်စွမ်းရည်နဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို တိုးတက်စေပါတယ်။(NVS 003)

11 May

ADVERTISE HERE .