သပြုသီးရဲ့ကျန်းမာရေး ကောင်းကျိုးတွေ

09 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ သပြုသီးရဲ့ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ သပြုသီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ Phenols၊ tannins၊ alkaloids၊ flavonoids၊ saponins ဆိုတဲ့ဓာတ်တွေအပြင် ဗီတာမင် ဘီ၊ အေ၊ စီ ဓာတ်တွေလည်း ပါဝင် ပါတယ်။ သပြုသီးက သွေးထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သံဓာတ်ပါဝင်မှုကြောင့် သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တဲ့သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သပြုသီးကို ပုံမှန်စားသုံးပါက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် သပြုသီးက သွေးဖိအား မြင့်တက်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သပြုသီးမှာ ဗီတာမင်အေပါဝင်မှုကြောင့် မျက်လုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ မျက်လုံး အာရုံကြောအားနည်းခြင်းကို ဗီတာမင်အေက အကူအညီဖြစ်စေပါတယ်။ ဒါ့အပြင် ဗီတာမင်စီပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားကို တိုးစေပါတယ်။ တုတ်ကွေး၊ အအေးမိခြင်းနဲ့ အခြားကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင် ပါတယ်။ သပြုသီးကဲ့သို့ ဗီတာမင်စီကြွယ်ဝတဲ့ အသီးကို စားပေးခြင်းက ကိုယ်ခံစွမ်းအားကို တိုးစေပါတယ်။ သပြုသီးမှာ ဗီတာမင်ဘီကြွယ်ဝစွာ ပါဝင်တာကြောင့် အားနည်းဖျော့တော့ခြင်းကိုလည်း တိုက်ဖျက်ပေးနိုင် ပါတယ်။ တနည်းအားဖြင့် သွေးအားနည်ခြင်းကို ကာကွယ်ပေးပါတယ်။ စွမ်းအင်လည်း တိုးစေပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်၊ အာရုံကြောဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။ နောက်ပြီး အူမကြီးနဲ့ အစာအိမ်ကို အကျိုးပြုစေတဲ့ tannins ဓာတ်ပါဝင်မှုကြောင့် အစာအိမ်ပြဿနာတွေကို ကူညီနိုင်ပါတယ်။ သပြုသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ခြင်းက အရွယ်တင်နုပျိုခြင်းကို အားပေးပါတယ်။ ဗီတာမင်စီက ကော်လာဂျင်တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာစားသုံးခြင်းက အရေပြားကို အရေးအကြောင်းများ ဖြစ်ပေါ်စေခြင်း၊ အိုမင်းရင့်ရော်ခြင်းတို့ကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် သပြုသီးက ကျောက်ကပ်ရောဂါကိုကာကွယ်နိုင်တဲ့ ဆေးဘက်ဝင် အသီးတစ်မျိုးဖြစ်တယ်လို့ ရှေးခေတ်အိန္ဒိယလေ့လာသူတွေက ပြောခဲ့ကြပါတယ်။ ကျောက်ကပ်ရောဂါနဲ့ နှလုံးရောဂါအတွက် ဆေးအဖြစ် သုံးခဲ့ကြတယ်လို့လည်း ဖော်ပြမှုတွေရှိပါတယ်။(NVS 003)

09 May

ADVERTISE HERE .