"ကင်ဆာရောဂါမှ ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေ"

03 May

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကင်ဆာရောဂါမှ ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါကနေ ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုပါ သက်သာပျောက်ကင်စေဖို့အတွက် အောက်က အစားအစာတွေကို စားသုံးခြင်းက ကင်ဆာရောဂါအစောပိုင်း လက္ခဏာတွေကို ကြိုတင် တိုက်ဖျက်နိုင်ပါတယ်။ မုန်လာဥနီတွေထဲမှာ သတ္တုဓာတ်၊ ဗီတာမင်နဲ့ antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာ beta-carotene ဓာတ်ေတွပါဝင်ပြီး ကင်ဆာရောဂါ အမျိုးအစားများစွာကို ကာကွယ်ကုသပေးနိုင်ပါတယ်။ လေ့လာချက်ေတွအရ beta-carotene ဟာ ရင်သားကင်ဆာနဲ့ ဆီကျိတ်ခြင်းကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဘယ်ရီသီးတွေက ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပေမယ့် ဘယ်ရီအသီးမှာ antioxidantတွေပါဝင်မှုက ကင်ဆာရောဂါကို မဖြစ်စေဖို့အတွက် ကာကွယ်နိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ပန်းပွင့်စိမ်းထဲမှာ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ ကင်ဆာရောဂါကို မဖြစ်စေနိုင်ဖို့အတွက်ပါဝင်ပြီး ကင်ဆာနဲ့ အကျိတ်ေတွ ဖြစ်ပွားမှုတို့ကို လျော့ချပေးပါတယ်။ ပန်းပွင့်စိမ်းတွေမှာလည်း ကင်ဆာရောဂါမှ ကာကွယ်နိုင်တဲ့ Sulforaphane ဓာတ်လည်း ပါဝင်ပါတယ်။ ပန်းသီးမှာ Polyphenois ဟုခေါ်တဲ့ ဓာတ်ေတွကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ပန်းသီးထဲမှာပါဝင်တဲ့ Polyphenoisက ကင်ဆာရောဂါဖြစ်နိုင်ခြေနဲ့ အကျိတ်ေတွဖြစ်နိုင်ခြေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးစားခြင်းက ကင်ဆာရောဂါအမျိုးပေါင်းများစွာကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေးအချိန်ကိုလည်း လျော့ချပေးပြီး အစားခြေစနစ်အတွက်လည်း ကောင်းပါတယ်။ (NVS 003)

03 May

ADVERTISE HERE .