Dark Chocolate စားခြင်းရဲ့ ကောင်းကျိုးတွေ

30 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ Dark Chocolate စားခြင်းရဲ့ ကောင်းကျိူးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ Dark Chocolate စားပေးခြင်းဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကိုတိုးတက်လာနိုင်လို့ပဲဖြစ်ပါတယ်။ မှတ်ဉာဏ်ကိုလည်း တိုးစေပါတယ်။ အာရုံစူးစိုက်မှုကိုလည်း ပိုပြီးကောင်းစေပါတယ်။ ဉီးနှောက်အတွင်း သွေးစီးဝင်မှုကိုလည်း အားကောင်းစေပါတယ်။ အကြောအားနည်းပြီး ခြေလက်တုန်သောရောဂါဖြစ်တဲ့ Parkinson’s Disease နဲ့ ဦး‌နှောက်ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စကားပီသစွာ မပြောနိုင်တော့ခြင်း စတာတွေဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်တဲ့ Alzheimer’s Disease တွေ မဖြစ်အောင် လည်း ကာကွယ်ပေးနိုင်ပါတယ်။ အသက်အိုမင်းလာလို့ဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်အားလျော့ကျလာမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စိတ်နဲ့ပတ်သက်ရင်လည်း Magnesium ပါဝင်လို့လည်း နာကျင်မှုနဲ့ စိတ်ဖိစီး မှုတွေကို လျော့ကျစေပါတယ်။ အဲဒါကြောင့် စိတ်ကျရောဂါခံစားနေရတဲ့သူတွေအနေနဲ့ Dark Chocolate ကို စားပေးသင့်ပါတယ်။ Dark Chocoloate ဟာဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ သွေးထဲမှာ သကြားဓာတ်ကို ထိန်းပေးတဲ့ insulin ဟော်မုန်းကိုလည်း တိုးထုတ်စေနိုင်တဲ့အတွက် ဆီးချို ရောဂါကိုလည်း ကာကွယ်ပေး၊ ထိန်းပေးနိုင်ပါတယ်။ Dark Chocolate မှာက Caffeine တော့ ပါဝင်ပေမဲ့ coffee မှာပါဝင်မှုနဲ့ယှဉ်ရင် ပမာဏအရမ်းနည်းတာဖြစ်လို့ ညအချိန်မှာ အိပ်မပျော်တာမျိုးကိုလည်း မဖြစ် စေပါဘူး။ အဲဒါကြောင့် သင့်တော်တဲ့ ပမာဏတစ်ခုကိုပဲ နေ့စဉ်စားသုံးပေးသင့်ပါတယ်။(NVS 003)

30 Apr

ADVERTISE HERE .