သံပုရာသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

28 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ သံပုရာသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သံပုရာသီးအစိမ်းရဲ့ အခွံကိုစားပေးပါက လေနာ၊ ရင်နာရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ သံပုရာရည်ကို သောက်သုံးပေးခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး ဝမ်းဗိုက်မှာဖြစ်ပေါ် တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သံပုရာသီးတစ်လုံးကို မီးကျွမ်းအောင်ဖုတ်၍ လေးညှင်းတစ်ပွင့်နဲ့ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးပါက သွားကိုက်သွားနာခြင်းကို ပျောက်ကင်းစေပါတယ်။ သံပုရာရည်ကို သကြားခတ်ပြီးသောက်ပါက ခန္ဓာကိုယ်မှာ အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်း၊ ကိုယ်လက်အဆစ်အမြစ်ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများသောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်တဲ့ အဆိပ် စသည်တို့ကို ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ယားနာပွေးနာ၊ အရေပြားမှာ အမည်းကွက်တွေပေါ်လာခြင်း၊ အမွှေးများကျွတ်ခြင်းတွေကို သံပုရာခြမ်းနဲ့ ပွတ်တိုက်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထလုပ်စဉ်ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲဖြစ်ခြင်း တွေကို ပျောက်ကင်းစေပါတယ်။ ထမင်းစားပြီးနောက် ပျို့အန်ချင်သလို ဖြစ်တတ်ပါက လတ်ဆတ်တဲ့ သံပုရာရည်ကို သောက်သုံးပေးပါက သက်သာပျောက်ကင်းစေပါတယ်။ သံပုရာရည်မှာ သကြားခတ်ကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါက သွားဖုံးမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေပါတယ်။ သံပုရာသီးသနပ်ကို ထမင်းနဲ့ နေ့စဉ်စားသုံးပါက သရက်ရွက်ကြီးတဲ့ရောဂါကို ပျောက်ကင်းစေပါတယ်။ သံပုရာရည်နွေးနွေးကို ပျားရည်နဲ့ ရောစပ်၍ တစ်နေ့နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်း နာခြင်းကိုပျောက်စေပါတယ်။ ဒါ့အပြင် သံပုရာခွံကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်စီ ရေနဲ့ကျိုချက်ပြီး သောက်ပေးပါက အဖျားပျောက်ပါတယ်။(NVS 003)

28 Apr

ADVERTISE HERE .