ကြွက်နားရွက်မှို ရဲ့ကျန်းမာရေး ကောင်းကျိုးတွေ

27 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ကြွက်နားရွက်မှိုရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကြွက်နားရွက်မှိုက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အဲဒီမှိုအမျိုးအစားမှာ တွေ့ရတဲ့ Polysaccharides ဓာတ်က သွေးတွင်းကိုလက်စထရောတွေကို လျော့ကျစေနိုင်ပါတယ်။ နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပြီး လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးခဲခြင်းနဲ့ သွေးတိုးရောဂါတွေအတွက်လည်း အသုံးပြုကြပါတယ်။ ကြွက်နားရွက်မှိုမှာ Antioxidant ရဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဗီတာမင်ဘီတူး ပါဝင်ပါတယ်။ အဲဒီဓာတ်က အစွမ်းထက်တဲ့ antioxidant တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်ပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနဲ့ ကင်ဆာရောဂါ အမျိုးမျိုးတို့ကိုလည်း သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ခုခံအား ကောင်းမွန်စေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဖိအားမျိုးစုံအတွက်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သံဓာတ်ပါဝင်မှု များပြားတဲ့အတွက် သွေးအားနည်းခြင်းအတွက် အိမ်သုံးဆေးတစ်မျိုးအဖြစ် လူသိများပါတယ်။ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ Terpenoids ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်မှုကြောင့် ဓာတ်မတည့်မှုခံစားရခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေပါတယ်။ Polysaccharide လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်ခြင်းက ဆေးဝါးဆိုင်ရာကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို တားဆီး ပေးနိုင်တဲ့ အဓိကအင်ဇိုင်းတစ်မျိုးလည်းဖြစ်တဲ့အတွက် အယ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကင်းစေပါတယ်။ အဲဒီမှိုကို အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးတဲ့ အခါမှာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ပြေစေပါတယ်။ အဆုတ်ကိုသန့်စင်စေပြီး အစာခြေစနစ် အတွက်လည်း ကောင်းမွန်စေပါတယ်။ ကြွက်နားရွက်မှိုမှာ အမျှင်ဓာတ်နဲ့ pectin ဓာတ်ပါဝင်မှုကြောင့် အဝလွန်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အဆီဓာတ်စုပ်ယူမှုကို တားဆီးပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်အလေးချိန် လျှော့ချနိုင်ဖို့အတွက် ကူညီနိုင်ပါတယ်။(NVS 003)

27 Apr

ADVERTISE HERE .