"ငါးစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ"

23 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ငါးစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငါးစားခြင်းက မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင် A ဓာတ် ကြွယ်ဝတဲ့ ငါးအမျိုးအစားတွေက မျက်စိအားကောင်းစေပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ ငါးသေးငါးငယ်များကို စားသုံးခြင်းကလည်း အသက်ရလာလို့ဖြစ်တဲ့ မက်ကူလာ ခေါ် အမြင်အာရုံဆိုင်ရာ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးလို့ အသက်အရွယ်ကြီးလာလေ အမြင်အာရုံလျော့နည်းလာတဲ့ ပြဿနာကို ငါးစားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ငါးမှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဖက်တီးအက်ဆစ်တွေက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ပေးနိုင်စွမ်းရှိပါတယ်။ ငါးထဲမှာပါတဲ့ ဗီတာမင် B12 က ကျန်းမာတဲ့ သွေးနီဥဆဲလ်များ၊ DNA reproduction နဲ့ အာရုံကြောများရဲ့ လုပ်ဆောင်မှုများအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင် B12 ဓာတ် လုံလောက်စွာ စားသုံးခြင်းက စိတ်ကျရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း နည်းပါးစေပါတယ်။ ငါးထဲမှာ အလွန်သေးငယ်တဲ့ မိုက်ခရို အာဟာရဓာတ်တွေ စုစုစည်းစည်းပါရှိလို့ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်စေပါတယ်။ ငါးစားခြင်းက ဉာဏ်ကောင်းစေပါတယ်။ ဒါ့အပြင် ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီးယမ် နဲ့ ကယ်လစီရန် ဓာတ်တွေကြွယ်ဝလို့ ကြွက်သားနဲ့ အရိုးတွေကိုလည်း သန်မာစေပါတယ်။ ပင်လယ်ငါးတွေကို စားသုံးခြင်းက ဗီတာမင် D ဓာတ်ကို ရစေနိုင်ပါတယ်။ အထူးသဖြင့် ပင်လယ်ငါး အမျိုးအစားဖြစ်တဲ့ ဆော်လမွန်ငါး ၊ တူနာငါး နဲ့ ငါးကွန်းရှပ်တွေမှာ ဗီတာမင် D ဓာတ် ကြွယ်ဝပါတယ်။ ပင်လယ်ငါးက အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်မာစေပါတယ်။ ငါးအသားမှာ အဆီဓာတ်အလွန်နည်းလို့ အများကြီးစားလည်း မဝနိုင်သလို ပင်လယ်ငါးကြီးတွေမှာလည်း omega 3 acid ပါလို့ မကောင်းတဲ့ အဆီမပါခြင်းကြောင့် သွေးတွင်း ကိုလက်စထရောလ် ကို ကျဆင်းစေပါတယ်။ (NVS 003)

23 Apr

ADVERTISE HERE .