ညစဉ်ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေ

21 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ညစဉ်ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ လူသားတွေအတွက် အကောင်းဆုံးအိပ်စက် အနားယူချိန်ဟာ ည ၁၁ နာရီ ကနေ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ည ၁၁ ကနေ နောက်တစ်နေ့နံနက် ၃ နာရီအတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်ဖြစ်လာမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ည ၁၁ နာရီမှ နောက်တစ်နေ့နံနက် ၃ နာရီ အချိန်အတွင်းမှာ လူတို့စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့အရာတွေကို စစ်ထုတ်ပေးနေရလို့ပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ် ချိန်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက် အနားယူရ ပါတယ်။ အနားမပေးခဲ့ရင် အသည်းရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တစ်ဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။ အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မလည်ပတ်နိုင် တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခုချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့ သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စတဲ့ အသည်းရောဂါတွေအပြင် အခြားရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အိပ်စက်ပေးရမယ့်အချိန်မှာ အခြားဘာပဲလုပ်လုပ် အဲဒီအချိန်မှာမအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေမှာဖြစ်ပါတယ်။(NVS 003)

21 Apr

ADVERTISE HERE .