ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေ

20 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ အအေးမိခြင်းကို ကြက်သွန်ဖြူက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အခြားအအေးမိခြင်းနဲ့ ဖျားနာခြင်း တွေကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူက အိမ်သုံးဆေးဝါးတစ်မျိုးပါပဲ။ လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူ မှာ allicin ဓာတ်ပါဝင်မှုကြောင့် အအေးမိ၊ ဖျားနာခြင်းအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ ဘလူးဘယ်ရီသီးတွေမှာ antioxidant အစွမ်းသတ္တိတွေ ပါဝင်တာမို့ ခုခံအားတိုးစေပါတယ်။ Anthocyanin လို့ခေါ်တဲ့ antioxidant အစွမ်းပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လေ့လာချက်တစ်ခုအရ အသက်ရှု လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါဝင်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ၊ အအေးမိဖျားနာတာတွေကို သက်သာစေနိုင်ပါတယ်။ ဂျင်းကို ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်တတ်ကြသလို လက်ဖက်ရည်ကြမ်းအဖြစ်လည်း ထည့်သွင်း သောက်သုံးတတ်ကြပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ဓာတ်နဲ့ antioxidant ဓာတ်တွေ ပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးများစွာ ရရှိစေပါတယ်။ အအေးမိ၊ ဖျားနာခြင်းအတွက် အထူး သင့်လျော်ပြီး အကျိုးရှိတဲ့ ဆေးတစ်မျိုးဖြစ်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အနက်ရောင်ချောကလက်မှာ Theobromine ခေါ်တဲ့ antioxidant ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီဓာတ်က ခုခံအားစနစ်ကို တိုးမြင့်စေပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ခန္ဓာကိုယ်ကဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲကဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါတွေကို ပြန့်နှံ့စေနိုင်ပါတယ်။ နနွင်းကို ဟင်းချက်ရာမှာ ထည့်သုံးတတ်ကြပါတယ်။ ဆေးဝါးအဖြစ်လည်း တစ်ချို့နေရာတွေမှာ သုံးပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းက ခုခံအားကိုလည်း မြှင့်တင် ပေးနိုင်ပါတယ်။ antioxidant အစွမ်းတွေပါဝင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။ ဆော်လမွန်၊ တူနာ၊ ဆာဒင်းငါး နဲ့ အခြားအဆီများငါးတွေမှာ omega-3 fatty acids ပါဝင်မှု များပြား တာကြောင့် ခုခံအားကျဆင်းတဲ့အခါမှာ အဖြစ်များတဲ့ ခန္ဓာကိုယ်အဆစ်အမြစ်ယောင်တဲ့ ရောဂါမျိုးကို သက်သာ စေနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်က ခုခံအားကို တိုးမြင့်ပေးနိုင်ပါတယ်။ flavonoids၊ carotenoids၊ vitamin C နဲ့ vitamin E ပါဝင်မှုကြောင့် ခုခံအားကို မြင့်တင်ပေးဖို့ အကူအညီပေးပါတယ်။ flavonoids ဓာတ်က အအေးမိခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ ပန်းပွင့်စိမ်းမှာ ဗီတာမင်စီပါဝင်ပါတယ်။ sulforaphane ဆိုတဲ့ဓာတ် ပါဝင်မှုကြောင့် ခုခံအားကောင်းဖို့ ပုံမှန်စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ beta carotene ဓာတ်ပါဝင်မှုကြောင့် ဗီတာမင်အေရဲ့ အရင်းအမြစ်ဖြစ်ပြီး အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။(NVS 003)

20 Apr

ADVERTISE HERE .