မုန်လာဥနီဖျော်ရည်ရဲ့ သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

19 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ မုန်လာဥနီဖျော်ရည် သောက်သုံးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မုန်လာဥနီမှာ မရှိမဖြစ် အင်ဇိုင်းတွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1၊ B2၊ B6၊ ဗီတာမင် C၊ ဗီတာမင် K၊ ဘိုင်အိုတင်၊ Phosphide၊ ဆိုဒီယမ်၊ ပိုတက်စီယမ် နဲ့ သိုင်ယာမင်းဓာတ် တို့လည်း အများအပြား ပါဝင်ပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ Vitamin A က မျက်လုံးကို အားကောင်းစေပါတယ်။ ဒါ့အပြင် Vitamin A ပါလို့ အသားရေလှစေရုံသာမက နေလောင်ဒဏ်ကိုပါ ပျောက်ကင်းစေပါတယ်။ အသားအရေလှစေပြီး အရေပြား တွန့်တာကိုလည်း ကာကွယ်ပေးပါတယ်။ မုန်လာဥနီဖျော်ရည်သောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ကင်ဆာ ရောဂါတွေလည်း ပျောက်ကင်စေနိုင်ပါတယ်။ အူမကင်ဆာ၊ ရင်သားကင်ဆာ စတာတွေကို ကာကွယ်ပေး ပါတယ်။ အသည်းကိုလည်း အားကောင်းပါတယ်။ အသည်းမှာရှိတဲ့ အဆိပ်တွေကို သန့်စင်စေပါတယ်။ ဒါ့အပြင် ကိုလက်စထကို လျော့ကျစေနိုင်ပါတယ်။ ဖိုက်ဘာဓာတ်ကြွယ်ဝတာကြောင့် မလိုအပ်တဲ့ အဆီပိုတွေ ကျဆင်းစေပါတယ်။ ကိုယ်ခံအားကိုလည်း ပြန်လည်ပြည့်ဝစေမှာ ဖြစ်ပါတယ်။(NVS 003)

19 Apr

ADVERTISE HERE .