အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာတွေ

14 Apr

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အစိမ်း‌ရောင်အရွက် အထူးသဖြင့် ကိုက်လန်မှာ antioxidants ဖြစ်တဲ့ vitamins A, C, E နဲ့အပြင် phytochemicals (carotenoids) တွေပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့ကျ စေပါတယ်။ ပန်းပွင့်စိမ်းမှာ sulforaphane ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်ကြောင့် အဆုတ်ထဲက ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ အဆုတ်ကိုပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ Vitamin C လည်း ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပါတယ်။ အဆုတ်ကြောင့်ဖြစ်တဲ့ အဖျားအနာမျိုးတွေလည်း မဖြစ်နိုင်တော့ ပါဘူး။ ဆော်လမွန်ငါးမှာ amino acid ဓာတ်တွေပါဝင်တာကြောင့် အာဟာရတွေစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ထဲက တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ လိမ္မော်သီးမှာပါဝင်တဲ့ calcium က အဆုတ်ကို အထောက်အကူပြုပါတယ်။ နာတာရှည်အဆုတ်ရောဂါတွေကို လျော့ပါးစေပါတယ်။ Vitamin C ဓာတ်လည်း ပါဝင်တာကြောင့် ကိုယ်ခံအားကို တိုးစေပါတယ်။ ပန်းသီးမှာ quercetin ဆိုတဲ့ဓာတ် ပါဝင်ပါတယ်။ အဲ့ဒီဓာတ်ကြောင့် အဆုတ်ကို အကျိုးရှိစေပါတယ်။ ရင်ကြပ်ခြင်းကိုလည်း လျော့ကျစေပါတယ်။ သစ်ကြားသီးမှာ magnesium ပါဝင်ပြီး အဆုတ်ကြွက်သားတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ omega-3 fatty acids လည်းပါဝင်တာကြောင့် အဆုတ်လေပြွန်ရောင်ရမ်းတာမျိုးကိုလည်း သက်သာစေပါတယ်။ ခရမ်းချဥ်သီးမှာ lycopene ဆိုတဲ့ဓာတ် ပါဝင်တာကြောင့် အဆုတ်ကိုကျန်းမာစေပါတယ်။ တစ်ရက်ကို ခရမ်းချဥ် သီး ၂ လုံးခန့် စားပေးခြင်းအားဖြင့် Vitamin C လည်းပါဝင်တာကြောင့် ‌အဆုတ်အတွင်း ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။ ငရုတ်ပွမှာ vitamin C ပါဝင်တာကြောင့် အဆုတ်နဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားမှုကနေ ခံနိုင်ရည်လည်း ရှိစေပါတယ်။ ရင်ကြပ်နဲ့ အဆုတ်လေပြွန်ပြဿနာတွေကို ကူညီနိုင်ပါတယ်။ မှိုမှာ vitamin D ပါဝင်တာကြောင့် အဆုတ်လုပ်ဆောင်ချက်တွေကို ကူညီနိုင်ပါတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ခုခံအားတိုးစေပါတယ်။ ဥအမျိုးမျိုးမှာ omega-3 နဲ့ protein ဓာတ်တွေပါဝင်တာကြောင့် ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင် ပေးနိုင်ပါတယ်။(NVS 003)

14 Apr

ADVERTISE HERE .