နှာခေါင်းသွေးယိုခြင်းရဲ့ အကြောင်းအရင်းများ

12 Apr

ဒီနေ့ည ၈နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေး ကဏ္ဍ ကနေ နှာခေါင်းသွေးယိုခြင်းရဲ့ အကြောင်းအရင်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နှာခေါင်းရဲ့ အဓိက လုပ်ဆောင်ရတဲ့ အချက်က Oxygen ရဖို့အတွက် ရှုသွင်း၊ ရှုထုတ်လုပ်ဖို့ဖြစ်ပြီး အနံ့ခံရဖို့ဖြစ်ပါတယ်။ နှာခေါင်း သွေးယိုတယ်ဆိုတာဟာ နှာခေါင်းထဲကနေ သွေးများ အနည်းနဲ့အများ စီးဆင်းကျလာခြင်းပဲဖြစ်ပါတယ်။ အဖြစ်များတဲ့ Epistaxis သို့မဟုတ် Nosebleed လို့ခေါ်တဲ့ နှာခေါင်းသွေးယိုရတဲ့ အကြောင်းအရင်းများကတော့ ခြောက်သွေ့တဲ့လေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခြောက်သွေ့တဲ့လေကြောင့် ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့လေက ပူခြင်းကြောင့် ဖြစ်နိုင်သလို Low Humidity Climate ‌ေကြာင့် အိမ်တွင်း အနွေးဓာတ်ရအောင် လုပ်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒီလိုပတ်ဝန်းကျင် အခြေအနေ နှစ်မျိုးစလုံးက နှာခေါင်းတွင်းမှာရှိတဲ့ အမြှေးပါးလေးတွေကို စိုစွတ်မှုမရှိနေဘဲ ခြောက်သွေ့စေပါတယ်။ နှာခေါင်း အတွင်းပိုင်းမှာ ခြောက်သွေ့နေတာကြောင့် ကြွပ်ဆပ်ပီး ကွဲအက်လာရာကတစ်ဆင့် အမှတ်မထင် ပွတ်တိုက်မိခြင်း သို့မဟုတ် blowing လုပ်လိုက်တဲ့ အချိန်မှာ နှာခေါင်းသွေးများ စီးကျလာရခြင်းဖြစ်ပါတယ်။ နှာခေါင်းနှိုက်တာများရင်လည်း နှာခေါင်းသွေးယိုတတ်ပါတယ်။ ရန်ဖြစ်တဲ့အချိန် သို့မဟုတ် မထင်မှတ်ဘဲ တစ်ခုခုနဲ့ နှာထိပ်ကို ပြင်းထန်စွာ တိုက်မိလိုက်တဲ့အချိန်မှာ နှာခေါင်းကို ထိုးလိုက်သလိုဖြစ်သွားတာကြောင့် အတွင်းမှာရှိတဲ့ နှာခေါင်းကနေ သွေးများယိုစီးလာရခြင်းဖြစ်ပါတယ်။ စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေခြင်းကြောင့်လည်း နာခေါင်း သွေးလျှံနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ၊ အားကစား အလွန်အကျွံ ကစားနေရချိန် ၊ မတ်စောက်မြင့်မားတဲ့ အရပ်ဒေသကို ခရီးသွားချိန် ၊ ရုပ်ပိုင်းဆိုင်ရာ trauma ရတဲ့အချိန် အလုပ် ရက်ကြာရှည်စွာ အာရုံစိုက်ပြီး လုပ်နေရချိန်တွေဟာဆိုရင် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။ နှာခေါင်းသွေးမယိုအောင် ဘယ်လိုကာကွယ်နေထိုင်ရမလဲဆိုတော့ စိတ်ဖိစီးမှုကို လျော့ကျစေရန် နဲ့ ကိုယ်ခံအားကောင်းနေစေရန် Vitamin C အမျိုးအစားပါဝင်တဲ့ အားဆေးများကို သောက်ပေးပါ။ နှာခေါင်းကို မထိခိုက်မိစေရန် ဂရုစိုက်ပေးပါ။ မိမိနေထိုင်ရာ ဒေသပေါ်လိုက်ပီး နှာခေါင်းအတွင်း စိုစွတ်မှုရှိစေရန် Nasal saline spray သို့ ချောဆီ အသုံးပြုနိုင်ပါတယ်။ Humidifier သုံးပေးပါ။ ဆေးလိပ်သောက်ခြင်း ရှောင်ပေးပါ။ Allergy ရှိတဲ့ ဆေးများကို အသုံးမပြုပါနဲ့။ သွေးကျဲဆေးတွေ အသုံးပြုနေပါက ဆရာဝန်နဲ့ သေချာစွာတိုင်ပင်ကုသခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ (NVS 003)

12 Apr

ADVERTISE HERE .