ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

10 Apr

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်က အရေပြားကနေ စပြီး ခန္ဓာကိုယ်တစ်ခုလုံးအထိ အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်ပါဘူး။ အခြေအနေအမျိုးမျိုးအတွက် ဆေးဘက်ဝင်တဲ့အပင်မျိုးလည်း ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်က အသည်းကို ရေဓာတ်ပြည့်ဝစေတဲ့အတွက် အာဟာရပြည့်ဝစေပြီး အသည်း လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်ဖို့ အားပေးပါတယ်။ ဗီတာမင် ဘီ၊ စီ၊ အီးနဲ့ ဒီ အပြင် ဖောလစ်အက်ဆစ်ပါဝင်ပါတယ်။ ကယ်လဆီယမ်၊ ကော့ပါး၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစ်၊ ဆီလီနီယမ်နဲ့ ခရိုနီယမ်တို့လည်း ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်က အရေပြားကျန်းမာရေးအတွက် အမျိုးစုံအသုံးဝင်ပါတယ်။ အရေပြားကို ချောမွေ့စေပြီး နေလောင်တာကို ကုသပေးနိုင်ပါတယ်။ ရှားစောင့်လတ်ပတ်ကရတဲ့ ဂျယ်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး အရေပြားမှာသုတ်လိမ်းပေးနိုင်ပါတယ်။ နေလောင်နေတဲ့ အရေပြားတစ်ဝိုက်ကို လိမ်းပေးခြင်းဖြင့် အရေပြားကို အေးမြစေပြီး မိနစ်ပိုင်းအတွင်းမှာတင် နေလောင်ခြင်းကို သက်သာစေပါတယ်။ အရေပြားယားယံခြင်းကိုလည်း သက်သာစေပါတယ်။ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ နာကျင်မှုတွေကို သက်သာစေတဲ့ Cyclical acid ပါဝင် ပါတယ်။ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို သက်သာစေပါတယ်။ မျက်နှာပေါ် လိမ်းကျံပေးခြင်း အားဖြင့် ကော်လိပ်ဂျင်တွေပိုပြီး ထုတ်လုပ်ပေးစေနိုင်ပါတယ်။ အဲ့ဒါကြောင့် အရေပြား ကျုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးစေပါတယ်။ ဒါ့အပြင် ဝက်ခြံတွေကို ကုသဖို့အသုံးဝင်ပါတယ်။ ရှားစောင်းလတ်ပတ်ဂျယ်က အရေပြားအတွင်းကို ထိုးဖောက် ဝင်ရောက်နိုင်ပြီး ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ Antioxidants ဖြစ်တဲ့ ဗီတာမင်အေ၊ စီ၊ ကေနဲ့ အမိုင်နိုအက်ဆစ် ၈မျိုးထဲက ၇မျိုးပါဝင်တာကြောင့် အရေပြားက အနီစက်တွေကို လျှော့ချပေးနိုင်ပါတယ်။ ရှားစောင်းလတ်ပတ်အနှစ်ကို သွားမှာ ပွတ်တိုက်ပေးခြင်းဖြင့် သွားမှာကျန်ရှိနေတဲ့ ကျောက်တွေ၊ သွားဂျိုးတွေကို ပါးလာစေနိုင်ပါတယ်။ ရှားစောင်းလတ်ပတ်ဟာ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့အတွက် အမျိုးအစား ၂ ဆီးချိုရောဂါကို ထိန်းညှိုပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ဆံပင်မှ သုတ်လိမ်းပေးခြင်းပြီး ခဏထားပြီးနောက် ရေဆေးချလိုက်ပါ။ ဆံသားမှာ ရှားစောင်းလတ်ပတ်အနှစ်တွေ မကြွင်းကျန်ခဲ့ပါစေနဲ့။ ရှားစောင်းလက်ပတ်အနှစ်က ဆံသားကို နူးညံ့ပျော့ပျောင်း စေပါတယ်။ နောက်ပြီးတော့ နှုတ်ခမ်းအတွင်းသားကွဲခြင်းကိုသက်သာစေပါတယ်။ ရေဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်တဲ့ နှုတ်ခမ်းအတွင်းသားမှာ အသားပဲ့ခြင်းဖြစ်ပေါ်တာမျိုးကို လိမ်းပေးနိုင်ပါတယ်။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ရှားစောင်းလက်ပတ်အနှစ်ဖြင့် သုတ်လိမ်းပေးခြင်းက အခြားသော ဆေးဝါးတွေ ထက် အနာကျက်မြန်စေပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြားမှာလိမ်းပေးခြင်းအားဖြင့် ဦးရေပြားမှာ မှိုစွဲခြင်းနဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့ အစွမ်းသတ္တိတွေရှိတဲ့အတွက် ဗောက်ထခြင်းကိုသက်သာစေပါတယ်။ ရေဓာတ်ပြည့်ဝ စေခြင်းကြောင့် ဦးရေပြားခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ ဆံသားသန်စွမ်းမှု ကိုလည်း လှုံ့ဆော်ပေး နိုင်တဲ့အတွက် ဆံသားတွေကို သန်စွမ်းစေပါတယ်။ (NVS 003)

10 Apr

ADVERTISE HERE .