ပဲကတ္တီပါရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

08 Apr

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ပဲကတ္တီပါရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပဲကတ္တီပါက နှလုံးကျန်းမာရေးအတွက်ကူညီနိုင်ပါတယ်။ Homocysteine ပမာဏကို ထိန်းချုပ်ပေး နိုင်ခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ အခြားသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အဲ့ဒီ ရောဂါတွေက နှလုံးရောဂါရှိတဲ့ သူတွေနဲ့ဆက်စပ်ပြီး ဖြစ်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သွေးထဲမှာ ဖောလိတ်ဓာတ် နည်းခြင်းက အဲ့ဒီရောဂါတွေ ဖြစ်ပေါ်နိုင်ခြေများပါတယ်။ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် တစ်ခွက်စာ စားသုံးခြင်းမှာ ၂၄% ခန့်ပါဝင်နိုင်ပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။ ဒါ့အပြင် ပဲကတ္တီပါက သွေးထဲက သကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။ သကြားဓာတ်စုပ်ယူမှု နှေးတာ ကြောင့် သွေးတွင်းသကြားဓာတ်များခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ပဲကတ္တီပါမှာ antioxidant ကြွယ်ဝစွာပါဝင်ပါတယ်။ တစ်ခွက်စာ စားသုံးခြင်းမှာ ၄၈% သော သတ္တုဓာတ်၊ မဂ္ဂနီဆီယမ် နဲ့ အခြား antioxidant တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ နောက်ပြီး ပဲကတ္တီပါမှာ ဖောလိတ်ဓာတ်ပါဝင်တာကြောင့် အာရုံကြောအတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ဖောလိတ်ဓာတ်ချို့တဲ့ခြင်းဟာ homocysteine levels ကို တိုးလာ စေပါတယ်။ အဲ့ဒီဓာတ်ကြောင့် အာရုံကြောဆိုင်ရာရောဂါတွေ အများကြီးဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ အင်ဇိုင်းမား၊ ပါကင်ဆန် ရောဂါတို့ပဲ ဖြစ်ပါတယ်။ ပဲကတ္တီပါတစ်ပန်းကန်စာ စားခြင်းက ဖောလိတ်ဓာတ် ၆၄ % ခန့် ရရှိစေနိုင်ပါတယ်။ ပဲကတ္တီပါတစ်ခွက်မှာ ပရိုတင်း ၁၅ ဂရမ်ပါဝင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ amino acids ပါဝင်တာကြောင့် ခန္ဓာကိုယ် ကြွက်သားတည်ဆောက်မှုအတွက် မရှိမဖြစ် အရေးပါပါတယ်။ ပဲကတ္တီပါက သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပြီး ဆိုဒီယမ် နည်းပါးစွာပါဝင်ပါတယ်။ အဲဒါကြောင့် သွေးကြောတွေကို ပြေလျော့စေပြီး သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ပဲကတ္တီပါက အစာခြေစနစ်အတွက်ကောင်းမွန်စေပါတယ်။ အူမကြီး လုပ်ဆောင်မှုကို ကောင်းမွန် စေတာကြောင့် အစာခြေနစ်ကို ကောင်းမွန်စေပါတယ်။ (NVS 003)

08 Apr

ADVERTISE HERE .