ဆီးဖြူသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

05 Apr

ဒီနေ့ည ရှစ်နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေး ကဏ္ဍကနေ ဆီးဖြူသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဆီးဖြူသီးဟာ Vitamin C အလွန်ကြွယ်ဝတဲ့ သဘာဝအသီးအနှံ ဖြစ်ပါတယ်။ အသည်း နဲ့ဆိုင်တဲ့ ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သွေးအားကောင်းစေတဲ့ Hemoglobin ဓာတ် ကြွယ်ဝအောင် ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေနိုင်ပါတယ်။ ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးတွေကို ကင်းစင်စေပြီး ခံတွင်းသန့်ရှင်းစေနိုင်တဲ့ အပြင် သွားဖုံးသွေးယိုခြင်းကိုလည်း Vitamin C နဲ့ Calcium ဓာတ်တို့ ပါဝင်တာကြောင့် ပျောက်ကင်းအောင်ကူညီပေးပါတယ်။ Cholesterol ကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးပေးရင် မျက်စိယားယံတာကို သက်သာစေပြီး အမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။ ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း ၃ ကြိမ်လောက် သောက်သုံးပါက ဓမ္မတာသွေးလွန်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့အတွက် ဆီးချိုးရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ (NVS 003)

05 Apr

ADVERTISE HERE .