အမဲသားစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

02 Apr

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အမဲသားစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အမဲသားက အရသာရှိရုံတင်ကမဘဲ ကျန်းမာရေးအတွက် အာဟာရလည်း ကြွယ်ဝပါတယ်။ အမဲသားမှာ သံဓာတ်ပါဝင်နှုန်းတွေဟာ ကြွယ်ဝစွာပါဝင်ပါတယ်။ သံဓာတ်က လူသားတွေအတွက် အရမ်းအရေးကြီးပါတယ်။ သံဓာတ်ချို့တဲ့ရင် အားနည်းတာ၊ ခေါင်းမူးတာတွေဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ နောက်ကောင်းကျိုးတစ်ခုကတော့ ပရိုတင်းဓာတ် ကြွယ်ဝစွာရရှိတာပဲဖြစ်ပါတယ်။ ပရိုတင်းဓာတ်က ကြက်ဥ၊ တို့ဖူးတို့မှာ ရသလိုပဲ အသားထဲမှာဆိုရင် အမဲသားက အများဆုံးရရှိတာဖြစ်ပါတယ်။ ဘာကြောင့် ပရိုတင်းဓာတ်က အရေးကြီးလဲဆိုတော့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်မှာ ကြွက်သားတွေ တည်ဆောက်ရာမှာ အရေးကြီးပါတယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်ကြီးထွားတဲ့အရွယ်၊ ငယ်တဲ့အရွယ်တွေမှာ ပရိုတင်းဓာတ်က အရေးကြီးပါတယ်။ အမဲသားမှာ ဇင့်နဲ့ Selenium ဓာတ်တွေပါဝင်ပြီး ဇင့်နဲ့ Selenium ဓာတ်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားမြှင့်တင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးတွေမှာ ပါဝင်တဲ့ Omega 3 က အမဲသားမှာလည်း အများကြီးပါဝင်ပါတယ်။ Omega 3 က နှလုံး၊ ဦးနှောက်နဲ့အသည်း စနစ်တွေကို ကောင်းမွန်စေပါတယ်။ နောက်ပြီးတော့ အမဲသားမှာ ဗီတာမင် B Complex ပါဝင်ပါတယ်။ ဗီတာမင် B Complex က ဦးနှောက်မှတ်ဉာဏ်ကိုပိုကောင်းစေပြီး အာရုံစိုက်မှုကို ပိုကောင်းမွန်ပါတယ်။ အဲ့ဒါကြောင့် ကျောင်းနေ အရွယ်ကလေးတွေ ဆိုရင် စာသင်ကြားရာမှာ ပိုကောင်းပါတယ်။ (NVS 003)

02 Apr

ADVERTISE HERE .