“မန်ကျည်းရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ”

31 Mar

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ မန်ကျည်းရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မန်ကျည်းရွက်မှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီ ယမ်၊ သံဓာတ်၊ ဇင့်နဲ့ ဆိုဒီယမ်ဓာတ်တွေပါဝင်ပြီး ဗီတာမင်စီ၊ ဘီ၊ အေ နဲ့ကေ စတာတွေပါဝင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်စေတဲ့ antioxidants တွေလည်း ပါဝင်ပါတယ်။ လေ့လာချက်တွေအရ မန်ကျည်းရွက်စားခြင်းဟာ သွေးဖိအားကိုလျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရော တွေကိုလည်း လျော့ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် သွေးလွှတ်ကြောနဲ့ သွေးကြောတွေထဲက ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ဖြိုခွဲဖို့ ကူညီပေးပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာတွေကို အူထဲသို့ သယ်ယူရလွယ်ကူစေပြီး အစာခြေနစ်ကို ကောင်းမွန်စေ ပါတယ်။ အဆီတွေစုပ်ယူနိုင်ပြီး အူသိမ်ထဲက ဗီတာမင်ဓာတ်တွေကိုလည်း စုပ်ယူနိုင်ပါတယ်။ အူထဲမှာအစာတွေ သယ်ယူရအဆင်ပြေတာကြောင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေပါဘူး။ ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ မန်ကျည်းသီးဖျော်ရည်ဟာ အဝလွန်ခြင်းမဖြစ်အောင် ကူညီပေးနိုင် ပါတယ်။ Trypsin inhibitors လို့ခေါ်တဲ့ ကွန်ပေါင်းတစ်မျိုးက ဆာလောင်ခြင်းကို လျှော့ချပေးပါတယ်။ Serotonin ဓာတ်ထုတ်လုပ်ခြင်းကိုလည်း တိုးစေပါတယ်။ Carbonhydrate က glucose ကို မထိန်းချုပ်နိုင်ဘဲ အင်ဆူလင်ပမာဏကို တိုးစေပါတယ်။ အဲဒါက ဆီးချိုရောဂါ ဖြစ်ပွားခြင်းနဲ့ ဆက်စပ်နေပါတယ်။ မန်ကျည်းသီးမှာ ခန္ဓာကိုယ်ကနေ carbonhydrate စုပ်ယူမှုကို တားဆီးပေးပြီး ဆီးချို ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်။ မန်ကျည်းရွက်မှာပါတဲ့ Lupeol ဓာတ်ကြောင့် ရောင်ရမ်းခြင်းနဲ့ ကင်ဆာဖြစ်ပွားနိုင်တဲ့အန္တရာယ်ကနေ လျှော့ချပေးပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့အစွမ်းရှိပြီး အိမ်သုံးဆေးအဖြစ် အသုံးပြု ကြပါတယ်။ မန်ကျည်းသီးမှာပါဝင်တဲ့ antioxidant ဓာတ်တွေကြောင့် ဗီတာမင်စီဓာတ် ကြွယ်ဝပြီး ခုခံအားတိုးစေပါတယ်။ မှိုကပ်ပါးကဲ့သို့ ကူးစက်မှုမျိုးကိုလည်း မဖြစ်ပေါ်စေဘဲ အစာအိမ်ထဲက သန်ကောင်တွေကိုလည်း သေစေပါတယ်။ ( NVS 003)

31 Mar

ADVERTISE HERE .