သင်္ဘောစေ့စားပေးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

30 Mar

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ သင်္ဘောစေ့စားပေးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သင်္ဘောစေ့က ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာရှိပါတယ်။ သင်္ဘောသီးဟာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ ဗီတာမင်တွေ များစွာပါဝင်တဲ့အတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကို တိုးတက် ကောင်းမွန်စေပါတယ်။ သင်္ဘောစေ့မှာ ကင်ဆာဆဲလ်တွေကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သွေးကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။ သင်္ဘောစေ့မှာ ရောင်းရမ်း မှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ အရိုးအဆစ်တွေ နာကျင် ခြင်းများကို သက်သာစေပါတယ်။ သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး သွေးလွန်တုပ်ကွေးနဲ့ အူရောင်ငန်းဖျား စတဲ့ရောဂါတွေကို အလွယ်တကူ ဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ သင်္ဘောစေ့ကို တစ်နေ့ တစ်ဇွန်းခန့် စားပေးသင့်ပါတယ်။ သစ်သီးဖျော်ရည် သို့မဟုတ် အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆ စေ့လောက်ကိုရောပြီး စားပေးတာဟာ အသည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကို ကျန်းမာစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေကတော့ သင်္ဘောစေ့စားသုံးခြင်းကို ရှောင်ရှားပေးသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရခက်စေပြီး နို့ဖြတ်မရပဲ ဖြစ်စေတတ်ပါတယ်။(NVS 003)

30 Mar

ADVERTISE HERE .