စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

29 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ စပါးလင်မှာ ဗီတာမင်စီ၊ ဖောလစ်အက် စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရက်စ် စတာတွေ ကြွယ်ဝပြီး ဆေးဖက်ဝင်အစွမ်းသတ္တိတွေ ရှိပါတယ်။ စပါးလင်ဟာ အစာခြေလမ်း ကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကိုသေစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာအစာချေဖျက်နိုင်ဖို့ အထောက် အကူပြုပါတယ်။ နောက်ပြီးတော့ ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။ စပါးလင်ဟာ ကင်ဆာ ရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကိုက်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ချွေးထွက်လွန်၊ ကိုယ်နံ့ဆိုးထွက်တာမျိုး ဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်း မှုန့်အနည်းငယ်နဲ့ ဆူအောင်တည်ပြီး အရည်ကို သောက်ပေးနိုင်ပါတယ်။ စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အတွက် ကောင်းကျိုး ပြုပါတယ်။ ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို သေစေနိုင်စွမ်း ရှိတာ ကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို ကုသနိုင်ပါတယ်။ ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင် ရမ်းနာနဲ့ အခြားသောအဆစ် အမြစ်နာကျင်တာတွေကို စပါးလင်ဆီ လိမ်းပေးရင်သက်သာစေပါတယ်။ နို့တိုက်မိခင်တွေအတွက် ဆိုရင်လည်း နို့ထွက်အားကောင်းစေပြီး ရင်သွေးငယ်တွေ ကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှု တွေက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွ စေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေးတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်နံ့ မကောင်းတာနဲ့ အရေပြား ကျန်းမာရေး အတွက်လည်း အထောက်အကူပြုပါတယ်။ အသားအရေ လှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ သို့မဟုတ် သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြု လိုက်ပါတယ်။ (NVS 003)

29 Mar

ADVERTISE HERE .