ရေဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေ

24 Mar

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ရေဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေ အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်အတွက် အများကြီးအရေးပါပါတယ်။ သက်ရောက်မှု လည်း အများကြီးရှိပါတယ်။ ရေဓာတ်ချို့တဲ့သောအခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တစ်ချို့လည်း အဆင်မပြေနိုင်သလို ကျောက်ကပ်အတွက်လည်း လုံးဝမကောင်းပါဘူး။ တခြားနောက်ဆက်တွဲရောဂါတွေလည်း အများကြီးဖြစ်လာနိုင် ပါတယ်။ တစ်နေ့ကို အူမကြီးလှုပ်ရှားမှု တစ်ကြိမ်ကနေ နှစ်ကြိမ်ခန့်ရှိသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ခန္ဓာကိုယ် ထဲကရေနဲ့ အစာတွေ မလှုပ်ရှားဘူးလို့ ပြသနေတာပါပဲ။ ရေက အစာခြေစနစ် အဆင်ပြေစေဖို့အတွက် အရေးကြီးပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းတို့နဲ့ ပတ်သက်နေပါတယ်။ သင့်ရဲ့ဆီးအရောင်က အရောင်ဖျော့နေတယ်ဆိုရင် သင့်ကျောက်ကပ်က အဆိပ်အတောက်တွေဖယ်ရှားနိုင်ဖို့ သင့်အနေနဲ့ ရေများများသောက်သင့်နေပါပြီ။ ဒါ့အပြင် အရေပြားမှာ ဝက်ခြံတွေ၊ အရေပြားခြောက်သွေ့မှုတွေနဲ့ နှင်းခူတွေဖြစ်ပေါ်နေပြီဆိုရင် သင်ဟာ ရေများများသောက်သင့်နေပြီလို့ ပြသနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ကျောက်ကပ်က လင့်(သွေးဖြူဆဲလ်တွေပါတဲ့ အရည်ကြည်)အတွက် အရည်ကြည်တွေ စစ်ထုတ်ပေးခြင်း မရှိတော့ဘူးဆိုရင် အရေပြားက အရောင်ဖျော့လာတာမျိုး၊ ခြောက်သွေ့လာတာမျိုး၊ နှင်းခူဖြစ်လာတာမျိုး၊ ဝက်ခြံထွက်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်အရေပြား က သင့်ကျောက်ကပ်ရဲ့ပြယုဂ်ပါပဲ။ အထက်ပါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေတာ ဖြစ်ပါတယ်။ အမျိုးသားတွေအတွက် တစ်နေ့ကို 3.7 Liters လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ 2.7 Liters သောက်သုံးဖို့ လိုအပ်ပါတယ်။(NVS 003)

24 Mar

ADVERTISE HERE .