ဂျူးမြစ်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

18 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ဂျူးမြစ်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဂျူးမြစ်ကို နေ့စဉ်ပုံမှန်စားသုံးပါက သွေးဖိအား ပုံမှန်ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေ ၊ အယ်ဇိုင်းမားဖြစ်တာတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ အရိုးပါးရောဂါ၊ အဆုတ်နဲ့ အူလမ်းကြောင်းကင်ဆာတွေကို ကာကွယ်နိုင်ခြင်းစတဲ့ ကောင်းကျိုးတွေရရှိစေမှာ ဖြစ်ပါတယ်။ ဂျူးမြစ်ကို ဟင်းသီးဟင်းရွက်အဖြစ်စားသုံးပေးခဲ့ရင် သွေးတိုး၊ အစာအိမ်အနာပေါက်ခြင်းနဲ့ ခန္ဓာကိုယ်အပူချိန် အလွန်မြင့်တက်ခြင်းတို့ကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဖိုင်တိုစတာရောလ်၊ ဖီနောလ်၊ အက်စ်ကောဘစ် အက်ဆစ်နဲ့ အမျှင်ပမာဏမြင့်မားစွာ ပါဝင်ပြီး အဆီဓာတ်နည်းတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် ဂျူးမြစ်ကို ဖြည့်စွက်အစာအဖြစ် စားသုံးခဲ့ရင် တစ်ချိန်တည်းမှာ ရောဂါတွေမှ အကာအကွယ်ပေးတဲ့ အာနိသင်ကိုလည်း ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဂျူးမြစ်အရွက်မှ ထွက်ရှိတဲ့ အရည်ကို ဒေသခံဆေးဆရာတွေက အစာအိမ် အနာပေါက်ခြင်း (ulcer) နဲ့ အခြားအစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကုသရာမှာ ဆားနဲ့ ရောစပ် အသုံးပြုကြပါတယ်။ အပင်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ပင်စည်၊ အမြစ်၊ အခေါက်နဲ့ အစာသိုလှောင်မြစ်တို့ကို ဆူပွက်အောင် ရေနွေးနဲ့ ပြုတ်ခြင်း ဒါမှမဟုတ် ဓာတုပစ္စည်းတွေမှာ ပျော်ဝင်စေတဲ့ နည်းလမ်းနဲ့ ရရှိတဲ့ဂျူးမြစ်အနှစ်ကို နဖူးပေါ် လိမ်းသုတ်ပေးခြင်းဖြင့် မြင့်မားတဲ့ ကိုယ်အပူချိန်နဲ့ သွေးတိုးခြင်းတို့ကို ကျဆင်းစေပါတယ်။ အဲဒီလို ဆေးဖက်ဝင်တဲ့အပြင် တန်ဖိုးမြင့် ထုတ်ကုန်တွေဖြစ်တဲ့ အအေးခံဂျူးရွက်၊ ဂျူးမြစ် ရှာလကာရည်၊ သီးရွက်စုံဆလတ်၊ ငါး + ဂျူးမြစ် ခဲပတ်ကင်နဲ့ အသင့်သုံး ကျန်းမာရေး ဟင်းခတ်အမွှေးအကြိုင် တို့ကိုလည်း ထုတ်လုပ်နိုင်ပါသေးတယ်။ (NVS 003)

18 Mar

ADVERTISE HERE .