နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ

14 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နာနတ်သီးက သွေးချို တက်စေနိုင်ပါတယ်။ နာနတ်သီးမှာ သဘာ၀အရပေးတဲ့ သကြားဓာတ် ပါ၀င်မှုများပါတယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးချိုကို မြင့်တက်သွားစေပါတယ်။ လက္ခဏာကတော့ ခေါင်းကိုက်ခြင်း၊ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်တတ်ပါတယ်။ နာနတ်သီးစားခြင်းက သွားတွေကို ပျက်စီးလာစေနိုင်ပါတယ်။ နာနတ်သီးမှာ အက်ဆစ်ဓာတ်များ ပါတာကြောင့် သွားပျက်စီးစေနိုင်ပါတယ်။ လက္ခဏာကတော့ သွားကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခံတွင်းဓာတ်မတည့်တဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်ကြည့်ရင် ဘာမှမဟုတ်ပေမယ့် ဖုန်မှုန့်တွေနဲ့ ဓာတ်မတည်သလိုပုံစံနဲ့တူပါတယ်။ အဲ့ဒီဓာတ်မတည့်ခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က နာနတ်သီးရဲ့ ၀တ်မှုန့်မှာရှိတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ တုန့်ပြန့်မှုပြတာဖြစ်ပါတယ်။ လက္ခဏာကတော့ နာနတ်သီးစားပြီးရင် လျှာယား လာပါမယ်။ နာနတ်သီးစားခြင်းက တချို့လူတွေအတွက် ဓာတ်မတည်တာတွေ ဖြစ်စေပါတယ်။ နာနတ်သီးနဲ့ ဓာတ်မတည့်တာတွေက နာရီအနည်းငယ်လောကမှာ သက်သာသွားစေနိုင်ပေမယ့် ဒီထက်အချိန်ကြာ ရင်တော့ ဆရာ၀န်ပြသင့်ပါတယ်။ လက္ခဏာကတော့ နှုတ်ခမ်း ဖူးရောင်တာ၊ လည်ချောင်း တစစ်စစ် ဖြစ်တာတွေ ခံစားရပါမယ်။ (NVS 003)

14 Mar

ADVERTISE HERE .