ငါးစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

11 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ငါးစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငါးစားခြင်းက မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင်A ဓာတ် ကြွယ်ဝတဲ့ ငါးအမျိုးအစား တွေက မျက်စိအားကောင်းစေပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ ငါးသေးငါးငယ်များကို စားသုံးခြင်းကလည်း အသက်ရလာလို့ ဖြစ်တဲ့ မက်ကူလာခေါ် အမြင်အာရုံဆိုင်ရာ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးလို့ အသက်အရွယ်ကြီးလာလေ အမြင်အာရုံလျော့နည်းလာတဲ့ပြဿနာကို ငါးစားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ငါးမှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဖက်တီးအက်ဆစ်တွေက ကျန်းမာရေးအတွက် ကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ ငါးထဲမှာပါတဲ့ ဗီတာမင် B12 က ကျန်းမာတဲ့ သွေးနီဥဆဲလ်များ၊ DNA reproduction နဲ့ အာရုံကြောများရဲ့လုပ်ဆောင်မှုများ အတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင် B12 ဓာတ် လုံလောက်စွာ စားသုံးခြင်းက စိတ်ကျရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း နည်းပါးစေပါတယ်။ ငါးထဲမှာ အလွန်သေးငယ်တဲ့ မိုက်ခရို အာဟာရဓာတ်တွေ စုစုစည်းစည်း ပါရှိလို့ ကျန်းမာရေးအတွက် အလွန်ကောင်းစေပါတယ်။ ငါးစားခြင်းက ဉာဏ်ကောင်းစေပါတယ်။ ဒါ့အပြင် ဆိုဒီယမ် ၊ မဂ္ဂနီစီယမ် ၊ ပိုတက်စီးယမ် နဲ့ ကယ်လစီရန် ဓာတ်တွေကြွယ်ဝလို့ ကြွက်သား နဲ့အရိုးတွေကိုလည်း သန်မာစေပါတယ်။ ပင်လယ်ငါးတွေကို စားသုံးခြင်းက ဗီတာမင် D ဓာတ်ကို ရစေနိုင်ပါတယ်။ အထူးသဖြင့် ပင်လယ်ငါး အမျိုးအစား ဖြစ်တဲ့ ဆော်လမွန်ငါး ၊ တူနာငါး နဲ့ ငါးကွန်းရှပ်တွေမှာ ဗီတာမင် D ဓာတ် ကြွယ်ဝပါတယ်။ ပင်လယ်ငါးက အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်မာစေပါတယ်။ ငါးအသားမှာ အဆီဓာတ်အလွန် နည်းလို့ အများကြီးစားလည်းမဝနိုင်သလို ပင်လယ်ငါးကြီးတွေမှာလည်း omega 3 acid ပါလို့ မကောင်းတဲ့ အဆီမပါခြင်းကြောင့် သွေးတွင်း ကိုလက်စထရောလ်ကို ကျစေပါတယ်။ (NVS 003)

11 Mar

ADVERTISE HERE .