ငါးကြီးဆီကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ရရှိနိုင်မည့်ကောင်းကျိုးတွေ

10 Mar

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ငါးကြီးဆီကို နေ့စဉ်စားသုံး ပေးခြင်းဖြင့် ရရှိလာနိုင်မည့် ကျန်းမာရေးကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငါးကြီးဆီမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာများကို ကျန်းမာစေနိုင်တဲ့ Omega-3, Omega-6 ကဲ့သို့သော အစားထိုးမရတဲ့ fatty acids ဓာတ်များ ပါဝင်နေပါတယ်။ ငါးကြီးဆီစားသုံးပေးခြင်းက အမြင်အာရုံတွေကို ပိုပြီးကြည်လင်စေနိုင်ပါတယ်။ အသည်းက အက်ဆစ် တွေက မျက်စိမှာရှိတဲ့အရည်တွေကို ဖယ်ရှားပေးပြီး မျက်စိကို အားနည်းစေနိုင်ပါတယ်။ ငါးကြီးဆီက ပြည့်ပြည့်စုံစုံပျောက်ကင်းအောင် မကုသပေးနိုင်ပါဘူး။ ဒါပေမယ့် ငါးကြီးဆီမှာပါတဲ့ အိုမီဂါ-၃ က မျက်စိပြဿနာ တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ မျက်စိတိမ်စွဲတဲ့ သူတွေကို ငါးကြီးဆီသောက်ဖို့တော့ ညွှန်ကြားလေ့ရှိကြပါတယ်။ ငါးကြီးဆီကို နေ့စဉ်စားသုံးပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောတွေ ကျဆင်းစေနိုင် ပါတယ်။ ငါးကြီးဆီမှာ Fatty Omega-3၊ Omega-6 တို့ ပါရှိတာကြောင့်လည်း နှလုံးရောဂါဖြစ်နိုင်ချေတွေကို လျော့နည်းသွားစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Polyunsaturated acids က တက်ကြွတဲ့ စိတ်တွေ ဖြစ်ပေါ်စေဖို့အတွက် serotonin ထုတ်လုပ်မှုကို တိုးပွားစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ငါးကြီးဆီသောက်တဲ့ သူတွေက လွယ်ကူစွာဝင်ရောက်နိုင်တဲ့ စိတ်ဖိစီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျလွယ်တဲ့သူ၊ စိတ်ဖိစီးမှုကို မခံစားနိုင်တဲ့ သူတွေအနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ သုတေသီပညာရှင်တွေရဲ့ လေ့လာချက်အရ ငါးကြီးဆီကို ပုံမှန်စားသုံးပေးခြင်းက အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ အစာစားပြီးချိန်မှာလည်း မကြာခဏဆာတာမျိုးမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်အရ Omega-3 ရဲ့ နောက်ထပ်အားသာချက်တစ်ခုက အဆီတွေကို ပိုမိုလောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။(NVS 003)

10 Mar

ADVERTISE HERE .