ကြွက်နားရွက်မှို ရဲ့ကျန်းမာရေး ကောင်းကျိုးများ

03 Mar

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ကြွက်နားရွက်မှိုရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကြွက်နားရွက်မှိုက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အဲဒီ မှိုအမျိုးအစားမှာ တွေ့ရတဲ့ Polysaccharides ဓာတ်ကြောင့်ပဲ သွေးတွင်းရှိ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။ နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေပြီး လေဖြတ်ခြင်းကိုကာကွယ်ပေးပါတယ်။ သွေးခဲခြင်းနဲ့ သွေးတိုးရောဂါတွေ အတွက်လည်း အသုံးပြုကြပါတယ်။ ကြွက်နားရွက်မှိုမှာ Antioxidant ရဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဗီတာမင်ဘီတူး ပါဝင်ပါတယ်။ အဲဒီဓာတ်က အစွမ်းထက်တဲ့ antioxidant တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနဲ့ ကင်ဆာရောဂါ အမျိုးမျိုး တို့ကိုလည်း သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ် ခုခံအားကောင်းစေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဖိအားမျိုးစုံကိုလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သံဓာတ်ပါဝင်မှု များပြားတဲ့အတွက်ကြောင့် သွေးအား နည်းခြင်းအတွက် အိမ်သုံးဆေးတစ်မျိုးအဖြစ် လူသိများပါတယ်။ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်ဓာတ်တွေ ပါဝင် ပါတယ်။ Terpenoids ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်မှုကြောင့် ဓာတ်မတည့်မှုခံစားရခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေပါတယ်။ Polysaccharide လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်ခြင်းက ဆေးဝါးဆိုင်ရာကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို တားဆီးပေး နိုင်တဲ့ အဓိကအင်ဇိုင်းတစ်မျိုးလည်း ဖြစ်တဲ့အတွက် အယ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကင်းစေပါတယ်။ အဲဒီမှိုကို အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးတဲ့ အခါမှာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ပြေစေပါတယ်။ အဆုတ်ကို သန့်စင်စေပြီး အစာခြေစနစ် အတွက်လည်း ကောင်းမွန်စေပါတယ်။ ကြွက်နားရွက်မှိုမှာ အမျှင်ဓာတ်နဲ့ pectin ဓာတ်ပါဝင်မှုကြောင့် အဝလွန်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အဆီဓာတ်စုပ်ယူမှုကို တားဆီးပေးနိုင်တဲ့အတွက် ဝိတ်ကျဖို့ ကူညီနိုင်ပါတယ်။ (NVS 003)

03 Mar

ADVERTISE HERE .