အဆုတ်ကို သန့်စင်စေမယ့် သဘာဝ Detox ဖျော်ရည်များ

02 Mar

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အဆုတ်ကို သန့်စင်စေမယ့် သဘာဝ Detox ဖျော်ရည်များအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သံပုရာ၊ ဂျင်း နဲ့ ငရုတ်ကောင်းလက်ဖက်ရည်ဟာ သင့်လည်ချောင်းနာတာကို ပြေလျော့စေရုံသာမက အဆုတ်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ဒီလက်ဖက်ရည်မှာပါဝင်တဲ့ အရာတွေအားလုံးဟာ ဇီဝကမ္မဖြစ်စဉ်နဲ့ အစာခြေစနစ်ကို မြှင့်တင်ပေးတဲ့အပြင် antioxidants ဓာတ်တွေပါ ပါဝင်တာကြောင့် အဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပန်းသီး၊ မုန်လာဥနီ နဲ့ နိုကိုဥ Smoothie က အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေတဲ့ ရောဂါများကို အကာအကွယ်ပေးပြီး ပန်းနာရင်ကျပ်ရောဂါမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်းကို သန့်စင်စေပြီး အဆုတ်ကိုလည်း ကျန်းမာစေပါတယ်။ နနွင်းဂျင်းဖျော်ရည်ဟာ curcumin နဲ့ antioxidant ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါကို ဆန့်ကျင်ခြင်းနဲ့ အဆိပ်အတောက်များကို ဆန့်ကျင်ပေးပါတယ်။ အဆုတ် ကျန်းမာရေးကိုလည်း မြှင့်တင်ပေးပြီး လေထုညစ်ညမ်းမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေလည်း ကာကွယ်ပေး ပါတယ်။ ပျားရည်နဲ့ ရေနွေးပူပူကို အတူသောက်သုံးခြင်းဟာ ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးပြီး လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်စေတဲ့ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ရဲ့ anti inflammatory က ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ Mulethi လက်ဖက်ရည်က ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းကို ကုသရာမှာ လူအသိများပြီး လည်ချောင်းကို လည်း သန့်ရှင်းစေပါတယ်။ Mulethi ကို ပုံမှန်စားသုံးခြင်းက နှလုံးရောဂါခံစားရနိုင်ခြေကိုလည်း လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။(NVS 003)

02 Mar

ADVERTISE HERE .