၀မ်းချုပ်စေတဲ့ အစားအစာတွေ

01 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ၀မ်းချုပ်စေတဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဆီကြော်မုန့်တွေနဲ့ အသင့်စားအစားအစာတွေက အတူတူပါပဲ။ အမျှင်ဓာတ်ပါဝင်မှုလုံးဝမရှိဘဲ အဆီပါဝင်မှု သာများတာကြောင့် အစာခြေဖို့ရာအခက်အခဲဖြစ်စေပါတယ်။ အဲဒီ့အတွက် သရေစာအဖြစ် စားချင်တယ်ဆိုရင် အသီးအနှံတွေကို အစားထိုးစားပေးသင့်ပါတယ်။ ဂျုံ၊ နှံစားပြောင်း ကနေထုတ်ထားတဲ့ ပေါင်မုန့်ဖြူ၊ ဆန်လုံးဖြူ၊ ပါစတာစတာတွေက အမျှင်ဓာတ် နည်းတာကြောင့် ဝမ်းချုပ်စေပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ အခြား အစားအစာတွေထက် ပိုပြီးဝမ်းချုပ်စေပါတယ်။ လသား၊ တစ်နှစ်-နှစ်နှစ်ကလေးတွေမှာပိုဆိုးပါတယ်။ နွားနို့မှာတွေ့ရတဲ့ ပရိုတင်းဓာတ်ကြောင့်ပါ။ လေ့လာချက်ေတွအရ အသက် ၁နှစ် ကနေ ၁၂နှစ်အတွင်း ကလေးတွေမှာ နွားနို့သောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်းပိုဆိုးလာတယ်လို့တွေ့ရပါတယ်။ နွားနို့အစား ပဲနို့်ကို ပြောင်းသောက်ခိုင်းလိုက်တဲ့အခါမှာတော့ ဝမ်းချုပ်ခြင်းသက်သာစေတာကိုတွေ့ရပါတယ်။ အသင့်စားအစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေပါတယ်။ အဆီများပြီး အမျှင်ဓာတ်ပါဝင်မှု နည်းတဲ့အတွက် အစာခြေခြင်းကို နှေးကွေးစေပါတယ်။ အသင့်စားအစားအစာဖြစ်တဲ့ ကွတ်ကီး၊ ချောကလက်၊ ရေခဲမှုန့်တွေအစား အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ အစားထိုးသင့် ပါတယ်။ အနီရောင်အသားတွေမှာ ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၃ခုရှိပါတယ်။ အမျှင်ဓာတ် ပါဝင်မှု နည်းခြင်းက အစာတွေရွေ့လျားဖို့အဆင်မချောစေပါဘူး။ ပုံမှန်လူတစ်ယောက်ရဲ့ နေ့စဉ်ရနိုင်တဲ့ အမျှင်ဓာတ် ပမာဏကိုပါ လျှော့ချပစ်နိုင်ခြင်းကြောင့်လည်း ပိုဆိုးသွားပါတယ်။ အဲဒါကြောင့် ထမင်းစားချိန်မှာ အသားများများ စားခြင်းက အသီးအရွက်တွေက အမျှင်ဓာတ်တွေကိုပါလျှော့ချပစ်နိုင်ပါတယ်။ အဲဒါအပြင် အနီရောင်အသားတွေမှာ အဆီပါဝင်မှုလည်းပိုများပါတယ်။ အဲဒီအကြောင်းတွေကြောင့် ဝမ်းချုပ်ခြင်းကိုပိုဖြစ်စေပါတယ်။ ဒါ့အပြင် အရက်ကလည်း ဝမ်းချုပ်စေပါတယ်။ အရက်အများကြီးသောက်ခြင်းဟာ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းက ရေလုံလောက်စွာမသောက်တဲ့ လူလိုပါပဲ၊ အူမကြီး လုပ်ဆောင်ဖို့ရာ မလွယ်ကူစေတာကြောင့် ဝမ်းချုပ်စေပါတယ်။ ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကလည်း အရက်လိုပါပဲ ၊ ရေဓာတ်ကိုခမ်းခြောက်စေနိုင်တဲ့အတွက် ရေဓာတ်ချို့တဲ့နေတဲ့အခါမှာ အူမကြီးလုပ်ဆောင်ချက်ကို နှေးကွေးစေပြီး ဝမ်းချုပ်စေပါတယ်။ (NVS 003)

01 Mar

ADVERTISE HERE .