"သွားနဲ့ ခံတွင်းနံ့ကို မကောင်းစေတဲ့ အစားအစာများ"

22 Feb

NVS 003 ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သွားနဲ့ ခံတွင်းနံ့ကို မကောင်းစေတဲ့ အစားအစာများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အချဉ်ဓာတ်ရှိတဲ့ သစ်သီးများတွင် ပါဝင်တဲ့ vitamin C ဟာ သွားဖုံးရှိ collagen ဓာတ်များကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အချဉ်ဓါတ်ပါတဲ့ အသီးများကို နေ့စဉ်အများအပြားစားသုံးပါက ကြွေလွှာများ ပျက်စီးခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် ၎င်းတို့မှာပါဝင်တဲ့ သကြားဓာတ်ကလည်း ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် အချဉ်ပါတဲ့ သစ်သီးများကို စားသုံးပြီးပါက ရေတစ်ခွက်ပုံမှန်သောက်ပြီး မိနစ် ၂၀ အကြာမှာသွားတိုက်ပေးပါ။ မြေပုံထောပတ်ယိုမှာ စေးကပ်တဲ့ အာနိသင်ရှိတာကြောင့် သွားကြားနှင့်သွားပိုးပေါက်ငယ်လေးများထဲမှာ အချိန်အကြာကြီး ကပ်ငြိနေနိုင်ပြီး သွားပိုးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကော်ဖီမှာ Antioxidants တွေပါဝင်တာကြောင့် သောက်သုံးသင့်တဲ့အရာ တစ်ခုဖြစ်ပေမယ့်လည်း ကော်ဖီသောက်ခြင်းကြောင့် သွားများ ဝါကျင့်ကျင့်ဖြစ်ခြင်းနဲ့ သွားချေးကပ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ ကော်ဖီသောက်ခြင်းကို မစွန့်လွှတ်နိုင်ဘူး ဆိုရင်တော့ ကော်ဖီပူပူ အစား ကော်ဖီအေးကို ပြောင်းသောက်​ပေးပါ။ ကော်ဖီသောက်ရာမှာလည်း ဒီအတိုင်းမော့သောက်မယ့်အစား ပိုက်ဖြင့်စုပ်သောက်ခြင်းဖြင့် သွားတွေနဲ့ထိတွေ့နှုန်းကို လျှော့ချနိုင်ပါတယ်။ သစ်သီးခြောက်များဟာ အရသာရှိလှတာကြောင့် သရေစာအဖြစ် မကြာခဏစားမိလေ့ရှိပါတယ်။ သစ်သီးများကို အခြောက်ခံထားတာ ဖြစ်တဲ့အတွက် ရေဓါတ်ပါဝင်မှုနည်းပါးပြီး အချိုဓာတ်များစွာပါဝင်နေပါတယ်။ ၎င်းအချိုဓာတ်များဟာ သွားမှာကပ်ငြိနေတာကြောင့် ဘက်တီးရီးယားပိုးမွှားကို ပေါက်ဖွားစေပါတယ်။ အဲ့ဒါကြောင့် သွားများ ပျက်စီးမှုကို ကာကွယ်ဖို့အတွက် သစ်သီးခြောက်စားပြီးတိုင်း ရေဖြင့်ပလုပ်ကျင်းပေးပါ။ မိနစ် ၃၀ အကြာမှာ သွားတိုက်ပါ။ ကြက်သွန်နီ/ဖြူ နဲ့ ဗန်ဒါစေ့စားမယ်ဆိုပါက တစ်ခုလုံးကို ကိုက်စားမယ့်အစား သွားများပဲ့ထွက်ခြင်းနှင့် ကျိုးပဲ့ခြင်းတို့မဖြစ်အောင် အနည်းငယ်စိတ်ပြီးမှသာ စားသင့်ပါတယ်။ ချဉ်ဖတ်ကဲ့သို့သော အချဉ်ဖောက်ထားသော အစားအစာများဟာ သွားများရှိ သတ္တုဓာတ်များကို ခွာချသလို ဖြစ်စေပြီး ကြွေလွှာများကို ပျက်စီးစေပါတယ်။ ချဉ်ဖတ်စားပြီးတိုင်း ချိစ်အနည်းငယ်ကို စားပေးပါ။ ဒါမှမဟုတ် Xylitol ပါဝင်ပြီး သကြားမပါတဲ့ ပီကေဝါးပေးပါ။ အအဲ့ဒီလို ဝါးပေးခြင်းဖြင့် ထွက်လာတဲ့ တံတွေးက ချဉ်ဖတ်မှာပါဝင်တဲ့ အက်ဆစ် ပြင်းအားကို လျှော့ချပြီးသား ဖြစ်သွားပါတယ်။

22 Feb

ADVERTISE HERE .