အရိုးပွရောဂါဖြစ်ခြင်းရဲ့ အကြောင်းအရင်းများ
15 Febဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အရိုးပွရောဂါဖြစ်ခြင်းရဲ့ အကြောင်းအရင်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နေရောင်ခြည်မခံခြင်းကလည်း အရိုးပွစေပါတယ်။ ဗီတာမင်ဒီဓာတ်ဟာ နေရောင်ခြည်ရဲ့ အထောက်အကူနဲ့ အရေပြားမှာ ဖွဲ့စည်းပြီး အရိုးတွေကို သန်မာစေတဲ့ ဓာတ်ပဲ ဖြစ်ပါတယ်။ ဆားအစားများလွန်းခြင်းက ကျန်းမာရေး အတွက် မကောင်းပါဘူး။ အငန်စားတာ သိပ်များလွန်းတဲ့ သွေးဆုံးပြီးစ အမျိုးသမီးတွေတိုင်းမှာ အရိုးပွအရိုးကျိုးဖို့ အလားအလာများ တတ်ကြပါတယ်။ လှုပ်ရှားမှုနည်းပါးပြီး လဲလျောင်းအိပ်စက်တာ များခြင်းက အသက်မကြီးခင် အရိုးပွခြင်း ဖြစ်တတ် ပါတယ်။ အရက်သောက်လွန်းသူမှာလည်း အရိုးပွတဲ့ ရောဂါများ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဆော်ဒါတွေ ၊ အချိုရည်တွေ မှာပါဝင်တဲ့ ဖော့စဖရပ်ဓာတ်ဟာ အရိုးတွေက ကယ်လဆီယမ် ပမာဏကို သိသိသာသာ လျော့နည်းစေတာမို့ အချိုရည်သိပ်မသောက်ကြပဲ သဘာဝရေသန့်ကိုသာ သောက်သုံးကြဖို့ အကြံပြုပါတယ်။ အသားဓာတ်က အရိုးကျန်းမာရေးအတွက်ကောင်းပေမယ့် ပရိုတင်းအစားသိပ်များလွန်းတဲ့အခါ ကျောက်ကပ်ကနေ ကယ်လ်ဆီယမ်စွန့်ထုတ်နှုန်း ပိုများလာပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးမှု ပိုများလေလေ အရိုးကျစ်လစ်အားကျလေပါပဲ။ ကော်ဖီသောက်ခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါပေမယ့် အရိုးပွတာကို တွန်းအားပေးနေတာက ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ပါတဲ့။ မနက်စောစော ကော်ဖီသောက်တဲ့ အကျင့်ကို အသက်ရလာတာနဲ့အမျှ ရှောင်ကြဉ်လျှော့ချနိုင်မယ်ဆိုရင်တော့ အလွန်ကောင်းမွန်ပါတယ်။ ပိန်လွန်းတာ ၊ အာဟာပြည့်ဝအောင်မစားတာတွေက အရိုးကျန်းမာရေးကို ယိုင်နဲ့စေတဲ့အပြင် ပိန်ပါးသူတွေဟာ အရိုးစွမ်းဆောင်ရည်အားနည်းနေတတ်တာကို တွေ့ရပါတယ်။ (NVS 003)