သကြားဓာတ်နည်းပါးတဲ့ အသီးအနှံ့များ

14 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သကြားဓာတ်နည်းပါးတဲ့ အသီးအနှံ့များ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်စီနဲ့ အမျှင်ဓာတ်များစွာပါဝင်ပါတယ်။ လိမ္မော်သီးကို စားသုံးပေးမယ်ဆိုရင် သကြားဓာတ်၁၂ ဂရမ်လောက်သာ ပါဝင်တာကြောင့် သကြားဓာတ်ကို ရှောင်ရှားလိုသူများ စားသုံးပေး သင့်ပါတယ်။ မက်မန်းသီးမှာ ဗီတာမင်စီဓာတ်များစွာပါဝင်ပြီး သကြားဓာတ်အနည်းဆုံးဖြစ်ပါတယ်။ မက်မန်းသီးတွင် သကြားဓာတ်၇ ဂရမ်ပါဝင်တဲ့အပြင် ကယ်လိုရီ ၃၀လောက်သာ ပါဝင်တယ်လို့ ဆိုကြ ပါတယ်။ ထောပတ်သီးက သကြားဓာတ်လျှော့ချရာမှာ အကောင်းဆုံးအသီးအနှံ့တစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးတစ်လုံးမှာ သကြားဓာတ် ၁ဂရမ်လောက်သာ ပါရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးက နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ထောပတ်သီးက Low-Density Lipoprotein ကို လျှော့ချပြီးမကောင်းတဲ့ ကို လက်စထရောတွေကို ဖယ်ရှားပေးနိုင်တဲ့ အရင်းအမြစ်များစွာ ပါဝင်နေပါတယ်။ မက်မွန်သီးက အရသာရှိပြီး သကြားဓာတ်နည်းပါးတာကြောင့် အများစုက နှစ်သက်ကြပါတယ်။ မက်မွန်သီးမှာဆိုရင် သကြားဓာတ်ဟာ ၁၃ဂရမ်လောက်သာပါဝင်ပါတယ်။ ပန်းသီးမှာ သကြားဓာတ်ပါဝင်မှုနည်းပါးပါတယ်။ ပန်းသီးတစ်လုံးတွင် သကြားဓာတ် ၁၉ဂရမ် ပါဝင်ပြီး မချိုတဲ့ ပန်းသီးဖျော်ရည်တွင် ၂၄ ဂရမ်သာ ပါဝင်ပါတယ်။ စတော်ဘယ်ရီမှာ ဗီတာမင်စီဓာတ်များစွာပါဝင်ပါတယ်။ စတော်ဘယ်ရီတစ်ခွက်မှာ သကြားဓာတ် ၇ဂရမ် လောက်သာ ပါဝင်ပါတယ်။ ဒါ့အပြင် Raspberries တွင် antioxidants နဲ့ အမျှင်ဓာတ် များ ကြွယ်ဝစွာပါဝင်ပါတယ်။ Raspberries တစ်ခွက်မှာဆိုရင်သကြားဓာတ် ၅ဂရမ်သာပါဝင်ပါတယ်။ Blackberries ခွက်တစ်ခွက်တွင်သကြားဓာတ် ၇ ဂရမ်ပဲရှိပြီး အမျှင်ဓာတ်က၈ ဂရမ်နှင့် ပရိုတိန်းဓာတ်က ၂ ဂရမ်လောက် ပါဝင်ပါတယ်။ Grapefruitတစ်လုံးမှာ သကြားဓာတ် ၈ ဂရမ်လောက်သာ ပါဝင်ပါတယ်။ သကြားဓာတ် နည်းပါးတဲ့ အသီးအနှံ့တွေထဲက တစ်ခုကိုရွေးပါဆိုရင် Grapefruit ကိုလည်း ရွေးချယ် စားသုံး သင့်ပါတယ်။ (NVS 003)

14 Feb

ADVERTISE HERE .