ခရမ်းချဥ်သီးစားခြင်းရဲ့ ကောင်းကျိုးတွေ နဲ့ ဆိုးကျိုးတွေ

13 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ခရမ်းချဥ်သီးစားခြင်းရဲ့ ကောင်းကျိုးတွေ နဲ့ ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ခရမ်းချဥ်သီးက အရသာကောင်းမွန်ရုံတာမကဘဲ Lycopene ဟုခေါ်တဲ့ Antioxidant ဓာတ်တွေနဲ့ အခြား Vitamin ၊ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် နှလုံး၊ ကျောက်ကပ်နဲ့ ဦနှောက်တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ခရမ်းချဥ်သီးကို နေ့စဥ်စားသုံးခြင်းက Calcium ဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်ပြီး အသားအရေအတွက်လဲ ကောင်းမွန် စေပါတယ်။ နောက်ပြီးတော့ ခရမ်းချဥ်သီးအစေ့များက Vitamin C ၊ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် အလွန်အစွမ်း ထက်ပါတယ်။ ခရမ်းချဥ်သီးအစေ့တွေက အရေပြား၊ နှလုံး၊ ကိုယ်အလေးအချိန်နဲ့ ကိုယ်ခံစွမ်းအားများအတွက်လဲ အကျိုးပြပါတယ်။ ဒါ့အပြင် ခရမ်းချဥ်သီးအစေ့တွေက အစာချေဖျက်မှုအတွက် ကောင်းမွန်စေပြီး အမျှင်ဓာတ်နဲ့ amino acid ကြွယ်ဝစွာပါဝင်ပြီး အာဟာရဓာတ် စုပ်ယူမှုတို့ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရှိတဲ့ cholesterol ကို ထိန်းညှိရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်လို့ အချို့ကျန်းမာရေး ပညာရှင်များက ပြောပါတယ်။ ဒါပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြသနာများခံစားနေရတဲ့ သူတွေက ခရမ်းချဥ်သီးအစိမ်း သို့မဟုတ် ခရမ်းချဥ်သီးအစေ့တွေကို စားသုံးခြင်းမှရှောင်မကြဥ်ရမှာ ဖြစ်ပြီး ၎င်းရဲ့ acidဓာတ်တွေပါဝင်မှုကြောင့် ရင်ပူခြင်းနဲ့ အစာခြေစနစ်ကို ဆိုးရွာစွာ ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ခရမ်းချဥ်သီးကို အလွန်ပကျွံစားသုံးခြင်းက Solanineဟုခေါ်တဲ့ alkaloid ပါဝင်တာကြောင့် အဆစ်တွေ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။ (NVS 003)

13 Feb

ADVERTISE HERE .