ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေ

12 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ညတိုင်း အိပ်ချိန် ၁၁ နာရီထက် ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက် အနားယူချိန်ဟာ ည ၁၁ နာရီ ကနေ မနက် ၃ နာရီအတွင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ည ၁၁ ကနေ ၃ နာရီအတွင်း အနားမယူပဲ အလုပ်တစ်ခုခုလုပ်နေမယ် ဆို ရင် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။ ချက်ချင်း မဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါး လာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိက အရေးကြီးဆုံး အလုပ် လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန် အတွင်းမှာ လူတို့ စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေ နဲ့ မလိုအပ်တဲ့ အရာတွေကို စစ်ထုတ်ပေးနေရပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက် အနားယူရပါတယ် ။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက် လျှော့နည်းစေပြီး အသည်းကို တစ်ဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။ အသည်း မကောင်းတော့ရင် ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်တွေ ပုံမှန် မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်း တစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင်ကျန်တဲ့ အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ် မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါတွေ အပြင် အခြားရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ် ။ အဲ့ဒီ အိပ်ပေးရမယ့် အချိန်မှာ အခြား ဘာပဲလုပ်လုပ် အဲ့ဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက် တွေကို ထိခိုက်စေပါတယ်။(NVS 003)

12 Feb

ADVERTISE HERE .