"အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေ"

08 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာ​ေတွက သင့်ရဲ့အကြားအာရုံချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ free radicals တွေက နားအတွင်းပိုင်းမှာရှိတဲ့ အမှေးပါလေးတွေပျက်စီးခြင်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ချို့တဲ့ခြင်းက နားအတွင်းပိုင်းမှာ ရှိတဲ့ သွေးကြောတွေကို ကျုံ့စေပြီး အောင်ဆီဂျင်ကင်းမဲ့မှု ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာ​ေတွကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်​ေတွ၊ ငှက်ပျောသီး၊ အားလူး၊ ဟင်းနုနယ်၊ ခရမ်းချဉ်၊ ပန်းပွင့်စိမ်းတို့ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ရဲ့တစ်ရှုးနဲ့သွေးထဲက အရည်တွေကို ထိန်းပေးပါတယ်။ နားအတွင်းပိုင်းက အရည်လေးတွေအတွက် အရေးပါပါတယ်။ နားအတွင်းပိုင်းက နားရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပြီး ကျွန်တော်တို့ကြားတဲ့ အသံတွေကို ဦးနှောက်ဆီကို ပို့ပေးပြီး ဦးနှောက်ကနေတစ်ဆင့် အသံကိုအဓိပ္ပါယ်ကောက်ပါတယ်။ အဲ့ဒီနားအတွင်းပိုင်းက ပိုတက်ဆီယမ်ဓာတ်ကို ရရှိမှုပေါ်မူတည်ပြိး အသံကို ကြားနိုင်ခြင်း ဖြစ်ပေါ်စေတာမို့ အကြားအာရုံအတွက် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာက အရေးကြီးပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့အခါမှာ အကြားအာရုံအလိုလို အားနည်းလာနိုင်ပါတယ်။ Presbycusis လို့ခေါ်တဲ့ အကြားအာရုံဆုံးရှုံးခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ငှက်ပျောသီး၊ ထောပတ်သီး၊ အားလူး။ ဟင်းနုနယ်၊ သခွားမွှေး၊ နို့၊ လိမ္မော်သီး၊ စပျစ်သီးခြောက်၊ ခရမ်းချဉ်သီး ၊ ဒိန်ချဉ်နဲ့ ပဲထောပတ်တို့ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ဖောလစ်အက်ဆစ်ဓာတ်က ခန္ဓာကိုယ်အတွက် အကျိုးအများကြီးရှိပြီး ဆဲလ်အသစ်တွေကြီးထွားဖို့ အထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်သူတွေမှာ ဖောလစ်အက်ဆစ်ဓာတ်လျော့ကျတဲ့အခါ အကြားအာရုံဆုံးရှုံးခြင်း presbycusis ရောဂါပိုပြီးဖြစ်နိုင်ချေများပါတယ်။ ဖောလစ်အက်ဆစ်ဓာတ်က အကြားအာရုံဆုံးရှုံးခြင်းကိုလည်း နှေးစေတယ်လို့ ပြေ​ာကြပါတယ်။ ဟော်မုန်းတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် ခန္ဓာကိုယ်က ဖောလစ်အက်ဆစ်ကို အသုံးပြုရပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။ နားအတွင်းပိုင်းက ဆဲလ်တွေအတွက် အရေးကြီးတဲ့ဏ္ဍကနေ ပါဝင်ပါတယ်။ ဖောလိတ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက အသား၊ ကညွှတ်၊ ပန်းပွင့်စိမ်း နဲ့ ဟင်းနုနယ်ရွက်တို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဇင့်ဓာတ်က သင့်ရဲ့ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးစေပြီး ဆဲလ်အသစ်ကြီးထွားခြင်းနဲ့ အနာတွေကိုလည်း ကျက်စေပါတယ်။ နားအတွင်းပိုင်းကို ပိုးမွှားတွေကြောင့် အနာဖြစ်ခြင်းကို သက်သာစေဖို့အကူအညီပေးပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာ​ေတွကတော့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဗံဒါစေ့၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဆင်ခေါင်းပဲ၊ ကရိန်းဘယ်ရီသီးခြောက်တို့ ဖြစ်ပါတယ်။

08 Feb

ADVERTISE HERE .