ကြံရည်သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

06 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကြံရည်သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကြံရည်သောက်ခြင်းက ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းမွန်နေမှ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကောင်းစွာ မလည်ပတ် နိုင်ရင် ပြင်ပရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ပြင်ပရောဂါတွေကို ကာကွယ်တားဆီးဖို့အတွက် ကိုယ်ခံစွမ်းအား ကောင်းမွန်နေမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ကြံရည်ကိုသောက်ပေးမယ်ဆိုရင် ကိုယ်ခံစွမ်းအားကို ဖြည့်ပေးနိုင်ရုံတင်မက ကူးစက်ရောဂါတွေမဖြစ်အေင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ သကြားက အစာအိမ်ရဲ့ pH Level ကို ဟန်ချက်ညီစေနိုင်ပြီး အစာခြေစနစ်ကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်။ ကြံရည်သည် ကောင်းမွန်စွာ အစာခြေ ဖျက်ပေးနိုင်တာကြောင့် လျင်မြန်စွာ အစာကြေစေနိုင်ပါတယ်။ ကြံရည်က ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တားဆီးပေးရုံသာမက ဆီးလမ်းကြောင်းထဲရှိပိုးကိုပါ ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကျောက်တည်ခြင်းကိုကောင်းစွာ ထိန်းချုပ်ပေးနိုင်တဲ့ အပြင် ကျောက်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကြံရည်က ကျောက်ကပ်ကျောက်တည်းခြင်းကို ကုသရာတွင် များစွာ အထောက်အကူပြုစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်လျှော့ချရန်အထောက်ကူပြုနိုင်ပါတယ်။ ကြံရည်မှာ ပျော်ဝင်နေတဲ့အမျှင်ဓာတ်တွေက အစာခြေစနစ် လမ်းကြောင်း မှန်ပေါ်ရောက်စေနိုင်ပါတယ်။ ကြံရည်တွင် ကိုယ်အလေးချိန်ကျစေနိုင်တဲ့ သကြားဓာတ် လည်း ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရှိအဆီဓာတ်ကို ကိုလောင်ကျွမ်းစေနိုင်တဲ့ သဘာဝအယ်ကာလိုင်းတွေက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ (NVS 003)

06 Feb

ADVERTISE HERE .