သကြားဓာတ်နည်းပါးတဲ့ အသီးအနှံများ

04 Feb

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ သကြားဓာတ်နည်းပါးတဲ့ အသီးအနှံများအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်စီနဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ လိမ္မော်သီးကို စားသုံးပေးမယ်ဆိုရင် သကြားဓာတ် ၁၂ ဂရမ်လောက်သာ ပါဝင်တာကြောင့် သကြားဓာတ်ကို ရှောင်ရှားလိုသူများ စားသုံးပေးသင့် ပါတယ်။ မက်မန်းသီးမှာ ဗီတာမင်စီဓာတ် များစွာပါဝင်ပြီး သကြားဓာတ်ပါဝင်မှု အနည်းဆုံးဖြစ်ပါတယ်။ မက်မန်းသီးတွင် သကြားဓာတ် ၇ ဂရမ် ပါဝင်တဲ့အပြင် ကယ်လိုရီ ၃၀ လောက်သာ ပါဝင်တယ်လို့ ဆိုကြပါတယ်။ ထောပတ်သီးက သကြားဓာတ်လျှော့ချရာမှာ အကောင်းဆုံးအသီးအနှံ တစ်မျိုးဖြစ်ပါတယ်။ ထောပတ် သီးတစ်လုံးမှာ သကြားဓာတ် ၁ ဂရမ်လောက်သာ ပါရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးက နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ထောပတ်သီးက Low-Density Lipoprotein ကိုလျှော့ချပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်တဲ့ အရင်းအမြစ်များစွာ ပါဝင် နေပါတယ်။ မက်မွန်သီးက အရသာရှိပြီး သကြားဓာတ်ပါဝင်မှု နည်းပါးတာကြောင့် အများစုက နှစ်သက်ကြပါတယ်။ မက်မွန်သီးမှာဆိုရင် သကြားဓာတ်ဟာ ၁၃ ဂရမ်လောက်သာ ပါဝင်ပါတယ်။ ပန်းသီးမှာ သကြားဓာတ်ပါဝင်မှု နည်းပါးပါတယ်။ ပန်းသီးတစ်လုံးတွင် သကြားဓာတ် ၁၉ ဂရမ်ပါဝင်ပြီး မချိုတဲ့ ပန်းသီးဖျော်ရည်တွင် ၂၄ ဂရမ်သာ ပါဝင်ပါတယ်။ စတော်ဘယ်ရီမှာ ဗီတာမင်စီဓာတ် များစွာပါဝင်ပါတယ်။ စတော်ဘယ်ရီတစ်ခွက်မှာ သကြားဓာတ် ၇ ဂရမ်လောက်သာ ပါဝင်ပါတယ်။ ဒါ့အပြင် Raspberries တွင် antioxidants နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ Raspberries တစ်ခွက်မှာဆိုရင် သကြားဓာတ် ၅ ဂရမ်သာ ပါဝင်ပါတယ်။ Blackberries တစ်တစ်ခွက်တွင် သကြားဓာတ် ၇ ဂရမ်သာပါရှိပြီး အမျှင်ဓာတ်က ၈ ဂရမ်နှင့် ပရိုတိန်းဓာတ်က ၂ ဂရမ်လောက် ပါဝင်ပါတယ်။ Grapefruit တစ်လုံးမှာ သကြားဓာတ် ၈ ဂရမ်လောက်သာ ပါဝင်ပါတယ်။ သကြားဓာတ်နည်းပါးတဲ့ အသီးအနှံတွေထဲက တစ်ခုကိုရွေးပါဆိုရင် Grapefruit ကိုလည်း ရွေးချယ်စားသုံးသင့်ပါတယ်။(NVS 003)

04 Feb

ADVERTISE HERE .