ငါးကြီးဆီကို နေ့တိုင်း စားသုံးပေးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

02 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ငါးကြီးဆီကို နေ့တိုင်း စားသုံးပေးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ငါးကြီးဆီမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ များကို ကျန်းမာစေနိုင်တဲ့ Omega-3, Omega-6 ကဲသို့တော့ အစားထိုးမရတဲ့ fatty acids ဓာတ်များ ပါဝင်နေပါတယ်။ ငါးကြီးဆီးစားသုံးပေးခြင်းက အမြင်အာရုံတွေကို ပိုပြီးကြည်လင်စေနိုင်ပါတယ်။ အသည်းက အက်ဆစ်တွေက မျက်စိမှာရှိတဲ့ အရည်တွေကိုဖယ်ရှားပေးပြီ မျက်စိကိုအားနည်းစေနိုင်ပါတယ်။ ငါးကြီးဆီက ပြည့်ပြည့်စုံစုံ ပျောက်ကင်းအောင် မကုသပေးနိုင်ပါဘူး။ ဒါပေမယ့် ငါးကြီးဆီမှာပါတဲ့ အိုမီဂါ-၃က မျက်စိပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ မျက်စိတိမ်စွဲတဲ့ သူတွေကို ငါးကြီးဆီ သောက်ဖို့တော့ ညွန်ကြားလေ့ရှိကြပါတယ်။ ငါးကြီးဆီကို နေ့စဉ်စားသုံးပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောတွေကျဆင်းစေနိုင်ပါတယ်။ ငါးကြီးဆီမှာ Fatty Omega-3၊ Omega-6 တို့ ပါရှိတာကြောင့်လည်း နှလုံးရောဂါ ဖြစ်နိုင်ချေတွေကို လျော့နည်း သွားစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လာ့ချပေးနိုင်ပါတယ်။ Polyunsaturated acids က စိတ်ဓာတ်ကောင်းများအတွက် serotonin ထုတ်လုပ်မှုကို တိုးပွားစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ငါးကြီးဆီသောက်တဲ့ သူတွေက လွယ်ကူစွာ ဝင်ရောက်နိုင်တဲ့ စိတ်ဖိစီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် စိတ်ဓာတ်ကျလွယ်တဲ့ သူ၊ စိတ်ဖိစီးမှုကို မခံစား နိုင်တဲ့ သူတွေ အနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ သုတေသီ ပညာရှင်တွေရဲ့ လေ့လာချက်အရ ငါးကြီးဆီကိုပုံမှန်စားသုံးပေးခြင်းက အစာစားချင်စိတ်ကို လျော့ချ ပေးနိုင်ပါတယ်။ အစာစားပြီးချိန်မှာလည်း မကြာခဏဆာတာမျိုးမဖြစ်အောင် ကူညီပေးနိုင်ပါးတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်အရ Omega-3 ရဲ့ နောက်ထပ်အားသချက်တစ်ခုက အဆီတွေကို ပိုမိလောင်ကျွမ်းအောင် ကူညီ ပေးနိုင်ပါတယ်။ (NVS 003)

02 Feb

ADVERTISE HERE .