အသက်ရှူလမ်းကြောင်းပြဿနာများ ဖြစ်ခြင်းကို သက်သာစေနိုင်မယ့် အစားအစာများ

01 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အသက်ရှူလမ်းကြောင်းပြဿနာများ ဖြစ်ခြင်းကို သက်သာစေနိုင်မယ့် အစားအစာများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သလဲသီးဖျော်ရည် သောက်သုံးခြင်းဖြင့် ရောင်ရမ်းခြင်းများကို လျှော့ချပေးပြီး အသက်ရှူလုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။ နနွင်းမှာပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိနဲ့ ဓာတ်တိုးဆန့်ကျင် သတ္တိတို့ ပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာ ရောဂါပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး အသက်ရှူလမ်းကြောင်း ကူးစက်မှုများကို ကာကွယ်ပေးပါတယ်။ ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး အဆုတ်မှာ ဓာတ်တိုးခြင်းကို ကာကွယ် ပေးပါတယ်။ ဟင်းနုနွယ်နဲ့ ကိုက်လံတို့လို ဟင်းရွက်စိမ်းတွေမှာ ဗိုက်တာမင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး အသက်ရှူလမ်းကြောင်း ပြဿနာများကို လျှော့ချပေးပါတယ်။ ဂျင်းက ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးနိုင်ကာ အသက်ရှူလမ်းကြောင်းစနစ်မှာ ရောင်ရမ်းခြင်းကို လျှော့ချ ပေးပါတယ်။ လိမ္မော်သီး၊ ကျွဲကောသီးတို့လို အချဥ်ဓာတ်ပါတဲ့ အသီးတွေဟာ ဗိုက်တာမင်စီကြွယ်ဝတာကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်မှုများကို လျှော့ချပေးပါတယ်။ ဆယ်လ်မွန်ငါးမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ပါဝင်တာကြောင့် အဆုတ်ကျန်းမာရေးကို အကျိုးပြုပါတယ်။ လက်ဖက်စိမ်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး အဆုတ်တစ်ရှူးများကို ကာကွယ်ပေးပါတယ်။ ဗာဒံသီး တို့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး အဆုတ်အတွင်း ရောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက အဆုတ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေနည်းစေပါတယ်။ (NVS 003)

01 Feb

ADVERTISE HERE .