ကျန်းမာရေး အတွက်ကောင်းပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည်တွေ

27 Jan

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ကျန်းမာရေး အတွက်ကောင်းပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည်တွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မုန်လာဥနီဖျော်ရည်က မျက်လုံးအားကောင်းစေပြီး အကြောတက်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဗိုက်ပြည့်လွယ်တာကြောင့် ညဘက်တွေမှာ သောက်သုံးသင့်ပါတယ်။ အချိုကိုတော့ ပါတယ်ဆိုရုံပဲ ထည့်သင့် ပါတယ်။ သခွားသီးဖျော်ရည်က ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အပြင် အသားအရေကိုပါ ကောင်းမွန်စေနိုင် ပါတယ်။ တစ်နေ့ ၂ ခွက် ပုံမှန်သောက်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ကို သတ္တုရည်အဖြစ် ပြောင်းသောက်လိုက်တဲ့အခါ ဝမ်းကိုမှန်စေပါတယ်။ အရေပြား ပြဿနာ ကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို မျက်စိကိုလည်း ကြည်လင်စေ ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ဟာ အရသာရှိပြီး သောက်လို့ကောင်းတဲ့ ဖျော်ရည်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန် အတွက်ဆိုရင်တော့ အချိုကိုလျှော့ထည့်သင့်ပါတယ်။ ဂေါ်ဖီထုပ်ကို ဖျော်ရည်လုပ်သောက်ဖို့ဆိုတာ အဆန်းတော့ဖြစ်နေမှာပါ။ ဒါပေမယ့် အဆီကျချင်တယ် ဆိုရင်တော့ ဒီနည်းကသင့်တော်ပါတယ်။ ဂေါ်ဖီထုပ်ကို ဟင်းရည်အဖြစ် ချက်သောက်ရင်လည်း ရပါတယ်။ အသက်ရှည်ဆေးလို့တောင် ပြောကြတဲ့ တရုတ်နံနံပင်ကို အရည်ကြိတ်ပြီး သောက်ပေးရင်တော့ သွေးထဲက အဆီဓာတ်ကိုပါ ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အနံ့ကတော့ နည်းနည်းသည်းခံရပါလိမ့်မယ်။ (NVS 003)

27 Jan

ADVERTISE HERE .