အဆုတ်ကို သန့်စင်စေမယ့် သဘာဝ Detox ဖျော်ရည်များ

13 Jan

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အဆုတ်ကိုသန့်စင်စေမယ့် သဘာဝ Detox ဖျော်ရည်များအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သံပုရာ၊ ဂျင်း၊ နဲ့ ငရုတ်ကောင်းလက်ဖက်ရည်ဟာ လည်ချောင်းနာတာကို ပြေလျော့စေရုံသာမက အဆုတ်ရဲ့ ကျန်းမာရေးကိုလည်း သက်သာစေပါတယ်။ ဒီလက်ဖက်ရည်မှာ ပါဝင်တဲ့အရာတွေအားလုံးဟာ ဇီဝကမ္မဖြစ်စဉ်နဲ့ အစာခြေ စနစ်ကို မြှင့်တင်ပေးတဲ့အပြင် antioxidants ဓာတ်တွေပါ ပါဝင်တာကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။ ပန်းသီး၊ မုန်လာဥနီနဲ့ နိုကိုဥ Smoothie က အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ပေးပြီး ပန်းနာရင်ကျပ်ရောဂါမှလည်း ကာကွယ်ပေးပါတယ်။ အဲဒီအသီးအနှံတွေက အသက်ရှုလမ်းကြောင်းကို သန့်စင်စေပြီး အဆုတ်ကိုလည်း ကျန်းမာစေပါတယ်။ နနွင်းဂျင်းဖျော်ရည်ဟာ curcumin နဲ့ antioxidant ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါကို ဆန့်ကျင်ခြင်းနဲ့ အဆိပ်အတောက်များကို ဆန့်ကျင်ပေးပါတယ်။ အဆုတ်ကျန်းမာရေး ကိုလည်း မြှင့်တင်ပေးပြီး လေထုညစ်ညမ်းမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေပါ ကာကွယ်ပေးပါတယ်။ ပျားရည်နဲ့ ရေနွေးပူပူ အတူသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်များမှ ကာကွယ်ပေးပြီး လေထု ညစ်ညမ်းမှုကိုလည်း တိုက်ဖျက်ပေးပါတယ်။ ပျားရည်ရဲ့ anti inflammatory က ရောင်ရမ်းမှုတွေကို သက်သာ စေပါတယ်။ Mulethi လက်ဖက်ရည်က ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းကို ကုသရာမှာ လူအသိများပြီး လည်ချောင်းကိုလည်း သန့်ရှင်းစေပါတယ်။ Mulethi ကို ပုံမှန်စားသုံးခြင်းက နှလုံးရောဂါခံစားရနိုင်ခြေကိုလည်း လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။(NVS 003)

13 Jan

ADVERTISE HERE .