မြေပဲရဲ့ ကျန်းမာရေး ကောင်းကျိုးများ

12 Jan

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ မြေပဲရဲ့ ကျန်းမာရေး ကောင်းကျိုးများ အကြောင်းကိုိ ပြောပြသွားမှာ ဖြစ်ပါတယ်။ မြေပဲကို နေ့စဉ်စားသုံးပေးမယ်ဆိုရင်ညမှတ်ဉာဏ်တိုးမြှင့်ခြင်း၊ စိတ်ကျရောဂါကာကွယ်ပေးနိုင်ခြင်း၊ အသားအရေကောင်းမွန်ခြင်း၊ နှလုံး နဲ့ အခြား ကျန်းမာရေးတွေအတွက်လည်း ကောင်းမွန်ပါတယ်။ မြေပဲက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး အထောက်အကူလည်း ပြုစေနိုင်ပါတယ်။ မြေပဲတွင် ပါဝင်တဲ့ အဆီများပါဝင်ခြင်းအပြင် နှလုံးကိုအကောင်းဆုံးလည်ပတ်ပေးနိုင်တဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် သွေးကြောအတားအဆီဖြစ်စေနိုင်မယ့် မကောင်းတဲ့ ကိုလက်စထရောတွေကို သန့်ရှင်းစေပြီး နှလုံး ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။ မြေပဲတွင် ဗီတာမင်ဘီနဲ့ အီး ဓာတ်များ အပြင် အခြား ဗီတာမင်ဓာတ်တွေလည်း များစွာပါဝင်တာကြောင့် အရေပြား ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် မြေပဲတွင်ပါတဲ့ အဆီက အရေပြားဆဲလ်များနဲ့ ဆဲလ်အမြှေးပါးများကို ခိုင်မာစေရန် ကူညီပေးပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် မြေပဲကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ မြေပဲကို စားသုံးပေးမယ်ဆိုရင် အထွေထွေလိုအပ်တဲ့ အာဟာရတွေကို တိုးလာ စေနိုင်ပါတယ်။ မြေပဲမှာ ဖောလစ်ဖောလစ်အက်ဆစ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ကိုလည်း ကျန်းမာစေ နိုင်ပါတယ်။ အခြား အစားအစာတွေမှာ ဖောလစ်ဓာတ်ကို ရနိုင်ပေမယ့် မြေပဲမှာပါတဲ့ ဖောလစ်ဓာတ်ကတော့ ထူးခြားပါတယ်။ ဒါ့အပြင် မြေပဲ ဓာတ်မတည့်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမိဝမ်းမှာကတည်းက မိတ်ဆက်ပေး ခြင်းကြောင့် မြေပဲနဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကိုလည်း သိသိသာသာလျော့နည်းသွားစေပါတယ်။ စိတ်ကျရောဂါဟာ မျိုးရိုးဗီဇနဲ့ ဆက်စပ်နေသလို နေ့စဉ်ဖြတ်သန်းရတဲ့ နေထိုင်မှုတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ မြေပဲမှာ serotonin နဲ့ ပေါင်းစပ်ရန်လိုအပ်နေတဲ့ အမိုင်နိုအက်ဆစ် tryptophanဓာတ်တို့ ပါရှိပါတယ်။ Serotonin ဟာ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ မြေပဲမှာ ကယ်လိုရီများစွာပါဝင်ပေမယ့် အလယ်အလတ်လောက်သာ စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပဲမှာ ပရိုတင်းနဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် မကြာခဏ အစာစားချင်စိတ်ကို နှိမ်နင်းနိုင်ပါတယ်။ အဲ့ဒါကြောင့် မြေပဲကို သင့်တင့်ရုံသာ စားသုံးပေးမယ်ဆိုရင် အကျိုးများစွာ ရှိနိုင်ပါတယ်။ (NVS 003)

12 Jan

ADVERTISE HERE .